Connect with us

Europe

ဇာပိုရေဇီးယား နျူကလီးယားစက်ရုံက ထိခိုက်မခံနိုင်ဘဲ အန္တရာယ်များကြောင်း ကုလအကြီးအကဲပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီအစည်းအဝေး၌ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Rafael Grossi ကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံရှိ ဇာပိုရေဇီးယား နျူကလီးယားစက်ရုံ၏ နျူကလီးယားဘေးကင်းရေးနှင့် လုံခြုံရေးအခြေအနေမှာ အထိအခိုက်မခံနိုင်ဘဲ အန္တရာယ်များနေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က မေ ၃၀ ရက်က ပြောခဲ့သည်။“အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး သိပ်မကြာခင်မှာ တော်တော်လေး တိုးလာဖွယ်ရှိတယ်” ဟု IAEA ညွှန်ကြားရေးမှူးချုပ် Rafael Grossi က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။အဆိုပါ စက်ရုံကို သိသိသာသာလျှော့ချထားသော ဝန်ထမ်းများဖြင့် လည်ပတ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ယင်းစက်ရုံတွင် စွမ်းအင်ထိန်းချုပ်မှုအားလုံး ရပ်ဆိုင်းမှု ၇ ကြိမ်ဖြစ်ခဲ့ကြောင်းနှင့် အဏုမြူဓာတ်ပေါင်းဖို၏ မရှိမဖြစ်လိုအပ်သော အအေးစနစ်ပံ့ပိုးပေးရန်နှင့် လောင်စာဆီအသုံးပြုရန် နျူကလီးယားမတော်တဆမှု မဖြစ်ပွားစေရေးအတွက် နောက်ဆုံးကာကွယ်ရေးလိုင်းဖြစ်သော အရေးပေါ် ဒီဇယ်မီးစက်များပေါ်၌ မှီခိုနေရကြောင်း သိရသည်။ စက်ရုံ၏စွမ်းအင်ထိန်းချုပ်မှုရပ်ဆိုင်းခြင်း ၇ ကြိမ်မြောက် နောက်ဆုံးဖြစ်ပေါ်မှုမှာ လွန်ခဲ့သောတစ်ပတ်အကြာက ဖြစ်ကြောင်း Grossi က ပြောသည်။
“နျူကလီးယား မတော်တဆမှုမဖြစ်သေးတာက ကျွန်တော်တို့အတွက် ကံကောင်းမှုပါပဲ။ ကံဆိုးကံကောင်းပါပဲ။ ဒီတိုင်းဆက်သွားရင်တော့ တစ်နေ့မှာ ကျွန်တော်တို့ကံကောင်းမှုက ရပ်တန့်သွားပါလိမ့်မယ်” ဟု ၎င်းက သတိပေးခဲ့သည်။ (Xinhua)

………………………………
Situation at Zaporizhzhia nuclear power plant fragile, dangerous: IAEA chief
UNITED NATIONS, May 30 (Xinhua) — The nuclear safety and security situation at the Zaporizhzhia nuclear power plant in Ukraine remains extremely fragile and dangerous, said the chief of the International Atomic Energy Agency (IAEA) on Tuesday.
“Military activities continue in the region and may well increase very considerably in the near future,” IAEA Director General Rafael Grossi told a UN Security Council briefing.
The plant has been operating on significantly reduced staff, he said.
There have been seven occasions when the site lost all off-site power and had to rely on emergency diesel generators, the last line of defence against a nuclear accident, to provide essential cooling of the reactor and spent fuel. The last one, the seventh, occurred just one week ago, Grossi said.
“We are fortunate that a nuclear accident has not yet happened… we are rolling a dice and if this continues then one day our luck will run out,” he warned.
Photo: Rafael Grossi, director general of the International Atomic Energy Agency (IAEA), briefs a meeting of the UN Security Council at the UN headquarters in New York on May 30, 2023. (Eskinder Debebe/UN Photo/Handout via Xinhua)