Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ပထမဆုံး လူတင်လကမ္ဘာပေါ်သွားယာဉ်ကို တရုတ်အာကာယာဉ်မှူးနှစ်ဦး မောင်းနှင်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ယန်းထိုင်မြို့ရှိ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စက်မှုလုပ်ငန်းဆိုင်ရာ ဒီဇိုင်းကွန်ဖရင့်အတွင်း လူလိုက်ပါနိုင်သော လကမ္ဘာပေါ်သွားယာဉ်ပုံစံကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူးနှစ်ဦး မောင်းနှင်မည့် လူတင်လကမ္ဘာပေါ်သွားယာဉ်အတွက် အဆိုပြုချက်များ တောင်းခံမည့် ကြေညာချက်ကို တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က မေ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လကမ္ဘာပေါ်သို့ ၎င်းတို့၏ အာကာသယာဉ်မှူးများ ဆင်းသက်မည်ဖြစ်ကာ ယင်းမစ်ရှင်အတွင်း တရုတ်အာကာသယာဉ်မှူးနှစ်ဦးက လကမ္ဘာပေါ်သွားယာဉ်ကို မောင်းနှင်ပြီး သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုများပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

လက်ရှိမစ်ရှင်တွင် လူတင်လကမ္ဘာပေါ်သွားယာဉ်ကို လူလိုက်ပါမောင်းနှင်ခြင်းနှင့် စီးနင်းခြင်း၊ လမျက်နှာပြင်ပေါ်၌ ရွေ့လျားခြင်း၊ တည်နေရာပံ့ပိုးမှုနှင့် ဘေးကင်းသောအကူအညီ စသည့် လုပ်ဆောင်ချက်များ ပါရှိသော ဒီဇိုင်းထုတ်လုပ်ထားကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
………………………………

China’s first manned lunar rover to be driven by two astronauts
BEIJING, May 29 (Xinhua) — The China Manned Space Agency (CMSA) on Monday released an announcement to solicit proposals for the country’s first manned lunar rover, which will be driven by two astronauts.
China will land its astronauts on the moon by 2030, and two astronauts will drive a lunar rover for scientific exploration during the mission, according to the announcement.
The current mission design indicates that the manned lunar rover will have functions such as manned driving and riding, lunar surface movement, positioning support and safety assistance, it said.
Photo: A visitor takes photos of the model of a manned lunar rover during the 2020 World Industrial Design Conference in Yantai, east China’s Shandong Province, Nov. 25, 2020. (Photo by Sun Wentan/Xinhua)