Connect with us

Videos

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦများ ထိမှန်

မော်စကို ၊ မေ ၃၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့၌ မေ ၃၀ ရက်အစောပိုင်းက ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦ အများအပြား အနည်းငယ်ထိမှန်ပျက်စီးသွားခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံ RIA Novosti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။လက်တလောတွင်မူ အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းပေးပို့မှု မရရှိသေးကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။အခင်းဖြစ်နေရာသို့ အရေးပေါ်ဝန်ဆောင်မှုများအားလုံး ရောက်ရှိခဲ့ကြပြီး တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထပ်မံစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————-
Buildings damaged by drone attack in Moscow — mayor
Several buildings were slightly damaged by a drone attack in Moscow early Tuesday, Russia’s RIA Novosti reported, citing Moscow Mayor Sergei Sobyanin.
Sobyanin said that there were no immediate reports of serious injuries.
All emergency services were at the scene, and further investigation into the attack was under way, he said.
Xinhua News Agency correspondents reporting from Moscow.(XHTV)