Connect with us

Economy

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် Volkswagen က ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ SAIC Volkswagen ထုတ်လုပ်ရေးလိုင်း၏ စွမ်းအင်သစ်မော်တော်ယာဉ်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ မေ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော် ဟဲဖေတွင် Volkswagen ကုမ္ပဏီက လျှပ်စစ်မော်တော်ကားများ အပြည့်အဝချိတ်ဆက်မှုရရှိစေရန် သုတေသသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) ၊ တီထွင်ဆန်းသစ်မှုနှင့် ဝယ်ယူမှုစင်တာတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ယင်းမြို့၌ မေ ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့သော ရင်းနှီးမြှုပ်နှံမှုစာချုပ်အရ သိရသည်။Volkswagen ကုမ္ပဏီသည် ဟဲဖေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်နှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် အစောပိုင်း၌ ကုမ္ပဏီသစ်စတင်ရန် ရင်းနှီးမြှုပ်နှံမှုပမာဏ ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၇ ဘီလီယံခန့်) ရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ဟဲဖေမှာရုံးချုပ်ထားရှိပြီး 100%TechCo ဟု စီမံကိန်းနာမည်နဲ့ ကုမ္ပဏီက ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို အဲဒီလိုစက်ရုံအမျိုးအစားထဲမှာ အကြီးဆုံးစက်ရုံလည်းဖြစ်ပါတယ်” ဟု Volkswagen Group China ၏ ဥက္ကဋ္ဌနှင့် စီအီးအို Ralf Brandstaetter က လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။အဆိုပါစင်တာအနေဖြင့် ထုတ်ကုန်သစ်များနှင့် နည်းပညာသစ်များ ဖော်ထုတ်မည့်အချိန်ကို ၃၀ ရာခိုင်နှုန်းခန့် ဖြည်းဖြည်းချင်းလျှော့ချသွားနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။ (Xinhua)
………………………………
Volkswagen signs investment agreement in east China
HEFEI, May 30 (Xinhua) — Volkswagen will build an R&D, innovation, and procurement center for fully connected electric cars in Hefei, the capital of east China’s Anhui Province, according to an investment agreement signed Tuesday in the city.
Volkswagen signed the contract with the Hefei Economic Development Zone, announcing an investment of around 1 billion euros (about 1.07 billion U.S. dollars) to launch the new company in early 2024.
“Headquartered in Hefei, the company with the project name of 100%TechCo will be the biggest Group facility of its kind anywhere in the world,” said Ralf Brandstaetter, chairman and CEO of Volkswagen Group China, at the signing ceremony.
He said, the new center is expected to gradually shorten the development time of new products and technologies by around 30 percent.
Photo: Photo taken on Oct. 29, 2019 shows new energy vehicles at a production line of SAIC Volkswagen in east China’s Shanghai. (Xinhua/Ding Ting)