Connect with us

Europe

နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့တွင် ရေကြီးရေလျှံမှုနှင့် မိုးသည်းထန်စွာရွာသွန်းပြီးနောက် အရေးပေါ်အခြေအနေကြေညာ

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ရှိ ရေပြည့်လျှံနေသောလမ်းမပေါ်တွင် မော်တော်ယာဉ်များ မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လင်တန်၊ မေ ၉ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တွင် ရေကြီးရေလျှံမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားပြီးနောက် မေ ၉ ရက်၌ ဒေသန္တရ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။

နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့သည် ယခုနှစ် ဆိုးဝါးသောရာသီဥတုအခြေအနေကြောင့် တတိယအကြိမ်မြောက် အရေးပေါ်အခြေအနေကြေညာထားခဲ့သဖြင့် မြို့အတွင်း ယာဉ်သွားလာမှုမှာ လုံးဝရပ်တန့်ထားရဆဲဖြစ်သည်။ မိုးလေဝသဌာနကလည်း North Island ၏ ဒေသများစွာ၌ မိုးလေဝသ သတိပေးချက်များနှင့် စောင့်ကြည့်မှုများ ထုတ်ပြန်ထားကြောင်း သိရသည်။

North Island သည် ဇန်နဝါရီလတွင် ပြင်းထန်သော ရေကြီးရေလျှံမှုဖြစ်ပွားခြင်းနှင့် ဖေဖော်ဝါရီလတွင် Gabrielle ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၁ ဦးသေဆုံးခြင်း စသည်တို့ ကြုံတွေ့ခဲ့ရသည်။
အစိုးရအနေဖြင့် အော့ကလန်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့ရသူများကို ပံ့ပိုးကူညီရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီး Kieran McAnulty က ပြောခဲ့သည်။

နယူးဇီလန်အစိုးရအနေဖြင့် ယခုနှစ် ပထမနှစ်လအတွင်း ရေကြီးရေလျှံမှုနှင့် Gabrielle ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ နယူးဇီလန်ဒေါ်လာ ၉ ဘီလီယံနှင့် ၁၄.၅ ဘီလီယံကြား (အမေရိကန်ဒေါ်လာ ၅.၇၁ ဘီလီယံ-၉.၁၉ ဘီလီယံ) ရှိကြောင်း ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
New Zealand’s largest city declares state of emergency following floods, heavy rain
WELLINGTON, May 9 (Xinhua) — New Zealand’s Auckland declared local state of emergency following floods and torrential downpours on Tuesday.
Traffic was at a standstill in Auckland, as the country’s largest city entered its third state of emergency due to severe weather this year. The meteorological agency has issued weather warnings and watches for many parts of the North Island.
The North Island was affected by severe floods in January and Cyclone Gabrielle in February which killed at least 11 people.
The government will step up support for those affected by flooding in Auckland, said Minister for Emergency Management Kieran McAnulty.
The government has estimated the cost of asset damage from the floods and Cyclone Gabrielle in the first two months of this year at between 9 billion and 14.5 billion NZ dollars (5.71 billion-9.19 billion U.S. dollars).
Photo: Vehicles drive on a flooded street in Auckland, New Zealand, Jan. 27, 2023. A state of emergency was declared in Auckland on Friday as heavy rains caused widespread flooding in New Zealand’s biggest city. (Photo by Li Qiaoqiao/Xinhua)