Connect with us

Media

အာဆီယံထိပ်သီးအစည်းအဝေးက အားလုံးပါဝင်မှု အားကောင်းလာစေပြီး ဘုံသာယာဝပြောမှုအား တွန်းအားပေးမည်ဟု မျှော်လင့်

ဂျကာတာ ၊ မေ ၉ ရက်(ဆင်ဟွာ)

၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား “ASEAN Matters: Epicentrum of Growth” ခေါင်းစဉ်ဖြင့် မေ ၉ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ခရီးသွားမြို့တော် Labuan Bajo မြို့၌ ကျင်းပလျက် ရှိကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများအတွက် ယင်းထိပ်သီးအစည်းအဝေးက အားလုံးပါဝင်မှုကို အားကောင်းလာစေပြီး ဘုံသာယာဝပြောမှုအား တွန်းအားပေးမည်ဟု အများစုက မျှော်လင့်ကြကြောင်း သိရသည်။

အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအား ၂၀၂၃ ခုနှစ်အတွက် ဒေသတွင်း အစုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

အာဆီယံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည်။ (Xinhua)

……………………………………
(English Version)
ASEAN summit expected to strengthen inclusiveness, push for common prosperity
The 42nd ASEAN (Association of Southeast Asian Nations) summit, themed “ASEAN Matters: Epicentrum of Growth,” is held from May 9 to 11 in Labuan Bajo, a tourist town in Indonesia.
For Southeast Asian countries, many expect this summit to strengthen inclusiveness and push for common prosperity.
As Southeast Asia’s largest economy, Indonesia has taken over the chairmanship of the regional bloc for 2023 from Cambodia, where the ASEAN Summit was held last November.
ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
Xinhua News Agency correspondents reporting from Jakarta. (XHTV)