Connect with us

Europe

ဘီလာရုစ် နိုင်ငံတွင် ရုရှားက လက်နက်ဖြန့်ကျက်ထားမည်ဟု ပူတင်ပြောကြား

ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ နှစ် ၇၀ ပြည့် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့ အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်စနစ်ပစ်လွှတ်ယာဉ်များ ရင်ပြင်နီကိုဖြတ်၍ ချီတက်လာမှုကို ၂၀၁၅ ခုနှစ်၊ မေ ၉ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် ဇူလိုင် ၈ ရက်နောက်ပိုင်း၌ ဘီလာရုစ်တွင် လက်နက်အမျိုးအစားအချို့ကို ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko နှင့် ဇွန် ၉ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။“အရာအားလုံးကို စီစဉ်ထားတဲ့အတိုင်း တည်တည်ငြိမ်ငြိမ်ဆောင်ရွက်နေပါတယ်” ဟု ပူတင်ကပြောသည်။ဘီလာရုစ်နိုင်ငံ၏ တောင်းဆိုချက်အရ ရုရှားအနေဖြင့် မဟာမိတ် နိုင်ငံများ၏ ပိုင်နက်နယ်မြေများတွင် အမေရိကန်နိုင်ငံလုပ်ဆောင်သည့် နည်းဗျူဟာအတိုင်း ဘီလာရုစ်နိုင်ငံတွင် နျူကလီးယားလက်နက်များ ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း ပူတင်က ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြောကြားခဲ့သည်။

ဘီလာရုစ်ပိုင်နက်တွင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ အတွက် အထူးသိုလှောင်ရုံ တည်ဆောက်နေမှုအား ဇူလိုင်လတွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)
———————————
Russia to deploy weapons in Belarus: Putin
MOSCOW, June 9 (Xinhua) — Russia will deploy certain types of weapons in Belarus after July 8, Russian President Vladimir Putin said on Friday when meeting with his Belarusian counterpart Alexander Lukashenko.
“So everything is going as planned and everything is stable,” Putin said.
In March this year, Putin said that Russia, at the request of Minsk, would deploy its tactical nuclear weapons in Belarus, just as the United States had been doing on the territories of its allies.
The construction of a special storage facility for tactical nuclear weapons on Belarusian territory would be completed in July, he said. ■
Iskander missile system launching vehicles move across the Red Square during the military parade marking the 70th anniversary of the victory in the Great Patriotic War, in Moscow, Russia, May 9, 2015. (Xinhua/Jia Yuchen)