Connect with us

Asia

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် က ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်းအတွက် အရန်အသင့်ရှိမှုဆိုင်ရာ အစည်းအဝေးပြုလုပ်

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်ရှိ ကမ်းရိုးတန်းဒေသများ၌ ဆိုင်ကလုန်းမုန်တိုင်း Yaas ဝင်ရောက်တိုက်ခတ်ခံရသော ကျေးရွာတစ်ရွာကို ၂၀၂၁ ခုနှစ် မေ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများအနီး အပြင်းအထန် ဝင်ရောက်တိုက်ခတ်ဖွယ်ရှိသော ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း (Biparjoy) အတွက် အရန်အသင့်ရှိမှု အခြေအနေကို သုံးသပ်ရေး အဆင့်မြင့်အစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသော ဒေသများရှိပြည်သူများကို ဘေးကင်းစွာရွှေ့ပြောင်းရန်၊ အပျက်အစီးများအတွင်း အရေးပေါ်ပြန်လည်ထိန်းသိမ်းမှုအတွက် အရန်အသင့်ရှိမှုဖြင့် မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းများအားလုံး ပြင်ဆင်ထိန်းသိမ်းရန် လုပ်ငန်းတိုင်းကို ဆောင်ရွက်ထားရန် မိုဒီက ဒေသခံအာဏာပိုင်များကို အကြံပြုခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဇွန် ၁၅ ရက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၅-၁၃၅ ကီလိုမီတာမှ ၁၄၅ ကီလိုမီတာအထိ တိုက်ခတ်နိုင်ကာ ဂူဂျာရတ်ပြည်နယ်ရှိ ကမ်းရိုးတန်းခရိုင်များ၌ မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာန တာဝန်ရှိသူများက ပြောခဲ့သည်။

အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အိန္ဒိယရေတပ်က ဘေးအန္တရာယ်လျော့ပါးရေး၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် သင်္ဘောများနှင့် ရဟတ်ယာဉ်များကို တပ်ဖြန့်ထားသလို အိန္ဒိယလေတပ်နှင့် စစ်တပ်၏ အင်ဂျင်နီယာတပ်ဖွဲ့များကလည်း လှေများနှင့် ကယ်ဆယ်ရေးကိရိယာများကို အသင့်အနေအထား ပြင်ဆင်ထားကြောင်း သိရသည်။ (Xinhua)

………………………………

Indian PM holds meeting on Cyclone Biparjoy preparedness
NEW DELHI, June 12 (Xinhua) — Indian Prime Minister Narendra Modi on Monday chaired a high-level meeting to review preparedness for Cyclone Biparjoy, which has intensified near the western coastal areas.
Modi advised local authorities to take every possible measure to ensure that people living in vulnerable locations are safely evacuated, and ensure maintenance of all essential services with preparedness for immediate restoration in the event of damages, said an official statement.
The cyclone is expected to cross Saurashtra and Kutch areas of the western state of Gujarat by Thursday with a maximum sustained wind speed of 125-135 km per hour (kph) to 145 kph, with likely heavy rainfall in the coastal districts of Gujarat, said India Meteorological Department officials.
The Indian Coast Guard and the Indian Navy have deployed ships and helicopters for relief, search and rescue operations. The Indian Air Force and the Engineer Task Force units of the Army, with boats and rescue equipment, are on standby for deployment.
Photo: Photo taken on May 27, 2021 shows a village hit by cyclonic storm Yaas in the coastal areas of West Bengal, India. (Str/Xinhua)