Connect with us

Economy

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး ရောင်းအား မေလ၌ ၃၈.၂ ရာခိုင်နှုန်းမြင့်တက်လာ

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ်ကဏ္ဍသည် မေလတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ရောင်းအား ၃၈.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အဆိုပါလုပ်ငန်း၏ အချက်အလက်များအရ သိရသည်။မေလတွင် စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်စုစုပေါင်း ၃၃၀,၀၀၀ ရောင်းချနိုင်ခဲ့ကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ သိရသည်။
ယင်းကာလအတွင်း စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ်များ ထုတ်လုပ်မှုသည် ယမန်နှစ် မေလကထက် ၄၂.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကားအစီးရေ ၃၂၂,၀၀၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။

၂၀၂၃ ခုနှစ် ပထမငါးလတွင် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ် ထုတ်လုပ်မှုမှာ ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အစီးရေ ၁.၆၃ သန်း၊ ၁၄.၂ ရာခိုင်နှုန်း တိုးတက်လာကာ ရောင်းအားတွင်လည်း အစီးရေ ၁.၆၂သန်းရောင်းချနိုင်ခဲ့ပြီး ၁၃.၇ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
——————————-
China’s commercial vehicle sales soar 38.2 pct in May
BEIJING, June 14 (Xinhua) — China’s commercial vehicle sector logged robust growth in May, with the sales surging 38.2 percent year on year, industry data showed.
A total of 330,000 such vehicles were sold last month, according to the China Association of Automobile Manufacturers.
Meanwhile, the production of commercial vehicles jumped 42.9 percent year on year in May to 322,000 units, said the association.
In the first five months of the year, China’s commercial vehicle output rose 14.2 percent from the same period in 2022 to 1.63 million units, while the sales went up 13.7 percent to 1.62 million units, the data showed. ■