Connect with us

Culture & Entertainment

“ကမ္ဘာ့ခေါင်မိုး” ဟုအမည်တွင်သောနေရာ၌ တိဗက်ယဉ်ကျေးမှုနှင့် ခရီးသွားပြပွဲကျင်းပမည်

လားဆ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တိဗက်နွားအမွေး နှင့် နီပေါကြေးနီဒန်အိုးမှစ၍ ဩစတြေးလျ ချောကလက်များအထိ ပါဝင်ပြသမည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း “ကမ္ဘာ၏ခေါင်မိုး” ဟုအမည်တွင် သော တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၌ ပြုလုပ်မည့် နိုင်ငံတကာကုန်စည်ပြပွဲက ကမ္ဘာလှည့်ခရီးသွားများလာရောက်ရန် ဆွဲဆောင်လျက်ရှိသည်။လားဆမြို့၌ ဇွန် ၁၆ ရက်တွင်ဖွင့်လှစ်ရန် စီစဉ်ထားပြီး သုံးရက်ကြာ ကျင်းပမည့် ခရီးသွားနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြပွဲတွင် ထူးခြားသောကုန်းပြင်မြင့် ယဉ်ကျေးမှုနှင့် မတူညီသော ထုတ်ကုန်များကို အသားပေးပြသသွားမည်ဖြစ်ကြောင်း တိဗက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနက ဇွန် ၁၄ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ စီးပွားရေးလုပ်ငန်းပေါင်း ၉၈၄ ခု ပါဝင်ပြသကြမည်ဖြစ်ပြီး ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ နှီးနှောဖလှယ်မှုများ မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

လားဆမြို့၌ ကျင်းပသော ယခုပြပွဲသည် ပဉ္စမအကြိမ် ကျင်းပခြင်းဖြစ်သည်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ကမ္ဘာလှည့်ခရီးသည် ၁၁.၇၃ သန်း ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အလားတူကာလကထက် ၄၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။ အဆိုပါကာလအတွင်း ခရီးသွားလုပ်ငန်းမှ ၀င်ငွေသည် ယွမ် ၁၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၈၁ ဘီလီယံခန့်) ကျော်ရှိခဲ့ကာ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၄၃ ရာခိုင်နှုန်းနီးပါး တိုးလာသည်ဟု ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

———————————-
Tibet hosts culture, tourism expo on “roof of the world”
LHASA, June 14 (Xinhua) — From Tibetan yak cashmere and Nepalese copper cookware to Australian chocolates, southwest China’s Tibet Autonomous Region is drawing crowds of tourists to its international expo on the “roof of the world.”
The expo on tourism and culture, scheduled to open in Lhasa on Friday and last for three days, will highlight the unique plateau culture and different products, Tibet’s tourism development department said in a press release Wednesday.
Altogether 984 businesses from 12 countries will participate in the event, which aims at boosting the development of local industries and promote international exchanges, it said.
This year’s expo is the fifth such event in Lhasa since the first one was held in September 2014.
Tibet received more than 11.73 million tourist arrivals in the first five months of this year, a rise of nearly 45 percent year-on-year. Tourism revenue over the period surpassed 13 billion yuan (about 1.81 billion U.S. dollars), up nearly 43 percent from the same period in 2022, the regional tourism development department said. ■