Connect with us

China

တရုတ်နိုင်ငံ တိဗက်ဒေသ၌ ပထမသုံးလပတ်အတွင်း ခရီးသွားဧည့်သည် ၂.၅၅ သန်း ဝင်ရောက်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျင်ကျီးမြို့၊ စော်ဆုန်းကျေးရွာတွင် မက်မွန်ပွင့်များဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးနေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခုနှစ် ပထမသုံးလပတ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၂.၅၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှဝင်ငွေ ယွမ် ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၉၁ သန်းခန့်) ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအာဏာပိုင်များက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းဒေသသို့ ခရီးသွားဧည့်သည်အရေအတွက်မှာ ယခင်နှစ်ကထက် ၃၉.၆၃ ရာခိုင်နှုန်းနှင့် ခရီးသွားလုပ်ငန်းဝင်ငွေ ၄၂.၈၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အပြုသဘောဆောင်သည့် တိုးတက်မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ကြောင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ Wang Xiaodong က ပြောကြားခဲ့သည်။

တိဗက်ဒေသသည် ၂၀၂၃ ခုနှစ်တွင် ကျေးလက်ခရီးသွားလုပ်ငန်း တိုးတက်ရန်နှင့် ဒေသသွင်ပြင်နှင့်ကိုက်ညီသော အထူးနှင့် အရည်အသွေးမြင့်ခရီးသွားလမ်းကြောင်းများ အရေအတွက် တိုးမြှင့်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ခရီးသွားဧည့်သည် ၃၉ သန်း ဝင်ရောက်ရန်နှင့် ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့်လည်း ယွမ် ၅၁ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း Wang က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
China’s Tibet receives 2.55 mln tourists in Q1

LHASA, April 17 (Xinhua) — Southwest China’s Tibet Autonomous Region received more than 2.55 million tourists from home and abroad in the first quarter of this year, raking in tourism revenue of over 2 billion yuan (about 291 million U.S. dollars), regional tourism authorities said on Monday.
The region reported year-on-year growth of 39.63 percent in tourist numbers and 42.89 percent in tourism revenue, indicating its tourism sector has improved vitality with positive growth momentum, according to Wang Xiaodong, head of the regional tourism development department.
In 2023, Tibet will continue to develop its rural tourism and cultivate a number of special and high-quality travel routes with local characteristics, Wang said, adding that the region aims to receive 39 million tourists and earn 51 billion yuan in tourism revenue this year.
Photo 1: A tourist takes photos of peach blossoms in Suosong Village in Nyingchi, southwest China’s Tibet Autonomous Region, April 5, 2023. (Xinhua/Jiang Fan)