Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၃ ရက်ကတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ဇွန် ၁၃ ရက်က တွေ့ဆုံခဲ့သည်။Al-Maliki သည် တရုတ်နိုင်ငံသို့ ဇွန် ၁၃ ရက်မှ ၁၆ ရက်အထိ ပါလက်စတိုင်းသမ္မတ Mahmoud Abbas ၏နိုင်ငံတော်ခရီးစဉ်၌ အတူလိုက်ပါလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် အကြီးအကဲ နှစ်ဦးသည် နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစီအစဉ် ရေးဆွဲကာ အစဉ်အလာရှိသော ချစ်ကြည်ရေးကို ပိုမိုမြင့်မားသောအဆင့်သို့မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ချင် က ပြောကြားခဲ့သည်။

တရုတ်နိုင်ငအနေဖြင့် ပါလက်စတိုင်းပြည်သူများ၏ တရားဝင်အမျိုးသားအခွင့်အရေးများ ပြန်လည်ရရှိစေမည့် တရားမျှတသောအကြောင်းရင်းကို အမြဲအခိုင်အမာ ထောက်ခံကြောင်း၊ အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး ပါလက်စတိုင်းအရေးဖြေရှင်းရာတွင် အကြံဉာဏ်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ချင်ကဆိုသည်။

ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Al-Maliki က တရုတ်နိုင်ငံသည် အားကိုးလောက်သော၊ ယုံကြည်စိတ်ချရသော မိတ်ဆွေနိုင်ငံဖြစ်ပြီး ပါလက်စတိုင်းအရေးကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံသမ္မတ က အကြံပြုခဲ့သော အဆိုပြုချက်များအတွက်လည်း ပါလက်စတိုင်းအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံပြီး တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တရုတ်နိုင်ငံအား ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————-
BEIJING, June 13 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang met with Palestinian Foreign Minister Riyad Al-Maliki in Beijing on Tuesday.
Al-Maliki is accompanying Palestinian President Mahmoud Abbas on his state visit to China from June 13 to 16.
Qin said he believes the two heads of state will plan the future development of bilateral relations and advance the traditional friendship to a higher level.
China has always firmly supported the Palestinian people’s just cause of restoring their legitimate national rights and will continue to support peace talks between Palestine and Israel and contribute wisdom to resolving the Palestinian question, Qin said.
Al-Maliki said China is a trustworthy, reliable friend, and Palestine appreciates the proposals pushed forward by China’s head of state for resolving the Palestinian question.
He added Palestine follows the one-China policy and will continue to support China on issues concerning China’s core interests. ■
Chinese State Councilor and Foreign Minister Qin Gang meets with Palestinian Foreign Minister Riyad Al-Maliki in Beijing, capital of China, June 13, 2023. (Xinhua/Yin Bogu)