Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း ဝင်ရောက်တိုက်ခတ်

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Kutch ခရိုင် Mandvi မြို့ရှိ ပင်လယ်ကမ်းရိုးတန်းတွင် ဒီရေမြင့်တက်နေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- EPA/DIVYAKANT SOLANKI)

နယူးဒေလီ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းပြည်နယ်ဖြစ်သော ဂူဂျာရတ်တွင် ဇွန် ၁၅ ရက် ညနေပိုင်းက အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း (Biparjoy) ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၁၀၀ ကီလိုမီတာကျော်ရှိသဖြင့် သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ ပြုတ်ကျခြင်းနှင့် လျှပ်စစ်မီးတိုင်များ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် နှစ်ပေါင်းများစွာအတွင်း အရှည်ကြာဆုံး ဆိုင်ကလုန်းမုန်တိုင်းတစ်ခုလည်း ဖြစ်သည်။
ကနဦးကြိုတင်ဆောင်ရွက်မှုများအဖြစ် မုန်တိုင်းဝင်ရောက်ရာဒေသများတွင် လျှပ်စစ်မီးများ ယာယီဖြတ်တောက်ထားခဲ့ပြီး ကမ်းရိုးတန်းဒေသများအနီးရှိ အဝေးပြေးလမ်းများကိုလည်း ပိတ်ထားကြောင်း၊ ထို့ပြင် စာသင်ကျောင်းများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံးကို ဇွန် ၁၆ ရက်အထိ ပိတ်ထားကြောင်း သိရသည်။

ဂူဂျာရတ်ပြည်နယ် Kachchh ခရိုင်နှင့် တောင်ပိုင်း Rajasthan ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးတပ်ဖွဲ့ စစ်ဆေးရေးမှူး Narendra Singh Bundela က သတိပေးခဲ့သည်။ (Xinhua)

………………………………
(English Version)
Cyclone Biparjoy makes landfall in India’s western state Gujarat
NEW DELHI, June 15 (Xinhua) — The extremely severe cyclonic storm Biparjoy made landfall on Thursday evening in India’s western coastal state of Gujarat, causing uprooted trees, hoardings and electric poles with wind speeds over 100 km per hour.
This is reportedly the longest cyclone witnessed in several years.
As a precautionary measure, power has been suspended in the affected regions and highways near the coastal areas have been closed. All schools and educational institutions have also been shut until Friday.
Inspector General of the National Disaster Response Force Narendra Singh Bundela warned of heavy rains and potential flooding in Gujarat’s Kachchh area and southern Rajasthan.
Photo: High tide at the sea coast in Mandvi, in the Kutch district of the western state of Gujarat, India, 15 June 2023. (EPA/DIVYAKANT SOLANKI)