Connect with us

China

တရုတ်သွင်းကုန်ပို့ကုန်ဘဏ်က ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံခြားကုန်သွယ်မှု ပံ့ပိုးကူညီရန် ယွမ် ဘီလီယံ ၇၃၀ ချေးငွေထုတ်ပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ကွန်တိန်နာဆိပ်ကမ်းတစ်ခုကို ၂၀၁၈ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China EximBank) က ယခုနှစ် ပထမငါးလအတွင်း နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပံ့ပိုးကူညီရန် ချေးငွေ ယွမ် ဘီလီယံ ၇၃၀ (အမေရိကန်ဒေါ်လာ ၁၀၂.၄ ဘီလီယံ) ကျော် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပမာဏသည် ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဘဏ်က ဆိုသည်။

ဘဏ်၏ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများထံ ချေးငွေပေးအပ်မှုများမှာ မေလကုန်ပိုင်းတွင် ယွမ် ၃ ထရီလီယံနီးပါး ရှိလာခဲ့ပြီဖြစ်ကာ ယမန်နှစ် ကာလတူထက် ၁၆.၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဘဏ်အနေဖြင့် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများနှင့် စပ်လျဉ်းသော စက်မှုလုပ်ငန်းများနှင့် ထောက်ပံ့ကွင်းဆက်များ အထူးသဖြင့် အသေးစားနှင့် မိုက်ခရိုကုန်သွယ်ရေးလုပ်ငန်းများ အတွက် ငွေကြေးပံ့ပိုးမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဘဏ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ ချေးငွေပေးအပ်မှုများမှာလည်း မေလကုန်ပိုင်းတွင် ယွမ် ၂.၂ ထရီလီယံအထိ ရှိလာခဲ့သည်။

China EximBank သည် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးကူညီပေးလျက်ရှိသည့် နိုင်ငံပိုင်ရန်ပုံငွေဖြင့် ရပ်တည်သော နိုင်ငံပိုင်မူဝါဒဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China EximBank lends 730 bln yuan to support foreign trade in January-May
BEIJING, June 17 (Xinhua) — The Export-Import Bank of China (China EximBank) has issued over 730 billion yuan (102.4 billion U.S. dollars) of loans to support the country’s foreign trade during the first five months of this year.
The value represents a 15.8 percent increase from the same period last year, the bank said.
At the end of May, the bank’s outstanding loans to foreign trade firms came in at nearly 3 trillion yuan, up 16.36 percent year on year.
The bank has stepped up financial support for foreign trade companies and related industrial and supply chains in the past two years, in particular for small and micro trade firms. Its Belt and Road outstanding loans also topped 2.2 trillion yuan at the end of last month.
The China EximBank is a state-funded and state-owned policy bank supporting China’s foreign trade, investment, and international economic cooperation.
Photo: Photo taken on May 16, 2018 shows an automatic container dock in Qingdao, east China’s Shandong Province. (Xinhua file photo/Wang Peike)