Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ မြို့တော်တွင် ပြင်းထန်သော သဲမုန်တိုင်းတိုက်ခတ်ပြီး ကြော်ငြာဆိုင်းဘုတ်ပြိုကျမှုကြောင့် လူ ၁ဦးသေဆုံးပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိ

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၌ ပြင်းထန်သော သဲမုန်တိုင်းတိုက်ခတ်ပြီးနောက် ပြိုကျသွားသော ကြော်ငြာဆိုင်းဘုတ် တစ်ခုကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၂ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ဇွန် ၁ ရက်က တိုက်ခတ်ခဲ့သည့် သဲမုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးပြီး အခြားသူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၌ ပြင်းထန်သော သဲမုန်တိုင်းတိုက်ခတ်ပြီးနောက် ပြိုကျသွားသော ကြော်ငြာဆိုင်းဘုတ်အား ကျော်ဖြတ်မောင်းနှင်သွားသော ကားတစ်စီးကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၌ သဲမုန်တိုင်း တိုက်ခတ်နေစဉ်အတွင်း သဲမှုန်များ ဖုံးလွှမ်းသွားခဲ့သော အဆောက်အအုံများကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၌ သဲမုန်တိုင်း တိုက်ခတ်နေစဉ်အတွင်း သဲမှုန်များ ဖုံးလွှမ်းသွားခဲ့သော အဆောက်အအုံများကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရိုမြို့တွင် 6th October တံတားရှိ ကြော်ငြာဆိုင်းဘုတ်ပြိုကျမှုကြောင့် လူသေဆုံးမှုရှိခဲ့ခြင်းဖြစ် ကြောင်း ဒေသတွင်း မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်တိုက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ သတင်းဖော်ပြခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ လမ်းများ၊ ဆိပ်ကမ်းများနှင့် ကမ်းခြေအများအပြားကို ပိတ်ထားရသော အဆိုပါသဲမုန်တိုင်းသည် အနောက်သဲကန္တာရဒေသတွင် အပူချိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အီဂျစ်မိုးလေဝသ၊ အဝေးထိန်းအာရုံခံတိုင်းတာရေးစင်တာ မှ အကြီးအကဲ Eman Shaker က ပြောကြားခဲ့သည်။
“မုန်တိုင်းကြောင့် တချို့နေရာတွေမှာ လုံးဝမမြင်ရတော့ဘူး။ အထိခိုက်ဆုံးဒေသတွေကတော့ ကိုင်ရိုမြို့၊ Suez မြို့၊ Ismailia မြိုနဲ့ Sinai Peninsulaကျွန်းဆွယ် တို့ဖြစ်ပါတယ်” ဟု Shaker က ပြောသည်။
လတ်တလောတွင် သဲမုန်တိုင်းနှင့် အပူလှိုင်းတို့သည် ဇွန် ၂ ရက်အထိ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟုမျှော်မှန်းထားကြောင်း Shaker က ဆိုသည်။ (Xinhua)
……………………………………..
(English Version)
1 killed, 5 injured by billboard collapse as massive sandstorm hits Egypt’s capital
CAIRO, June 1 (Xinhua) — One person was killed and five others were wounded in the Egyptian capital of Cairo as a massive sandstorm hit several parts of Egypt on Thursday.
The casualties resulted from a billboard’s collapse at the 6th October bridge in Cairo, according to local media reports.
Several road accidents were also reported nationwide, with some people wounded but no fatalities, said the reports.
The storm, which led to the closure of many roads, ports and beaches nationwide, was caused by the formation of a thermal depression in the western desert area, said Eman Shaker, head of the Remote Sensing Center of the Egyptian Meteorological Authority.
“The storm led to a complete lack of vision in some places. The most affected areas were Cairo, Suez, Ismailia and the Sinai Peninsula,” said Shaker.
The current sandstorm and heat wave are expected to continue till Friday, Shaker added.

(1)Photo taken on June 1, 2023 shows a collapsed billboard after a massive sandstorm hit Cairo, Egypt. (Xinhua/Ahmed Gomaa)
(2)A car runs past collapsed billboards after a massive sandstorm hit Cairo, Egypt, on June 1, 2023. (Xinhua/Ahmed Gomaa)
(3) (4) The photo taken on June 1, 2023 shows buildings shrouded in heavy dust during a sandstorm in Cairo, Egypt. (Xinhua/Sui Xiankai)