Connect with us

China

တရုတ်နိုင်ငံ ရှန်ကျိုး-၁၅ အာကာသယာဉ်မှူးများ ဇွန် ၄ ရက်တွင် ကမ္ဘာမြေသို့ ပြန်လာမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးနေရာတွင် ရှန်ကျိုး-၁၅ လူတင်အာကာသယာဉ်မစ်ရှင်၏ အာကာသယာဉ်မှူး ၃ ဦးအား လိုက်ပါပို့ဆောင်သည့်အခမ်းအနားကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၅ (Shenzhou-15) အာကာသယာဉ်မှူးများသည် ၎င်းတို့၏ စီစဉ်ထားသောတာဝန်များအားလုံး ပြီးမြောက်ပြီဖြစ်သဖြင့် ဇွန် ၄ ရက်တွင် ကမ္ဘာမြေသို့ ပြန်လာတော့မည် ဖြစ်ကြောင်း တရုတ်နိုင်ငံလူတင်အာကာသအေဂျင်စီ (CMSA) က ဇွန် ၂ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ အာကာသယာဉ်မှူး ၃ ဦးတို့သည် ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများထံ ဇွန် ၂ ရက်က အာကာသစခန်းထိန်းချုပ်မှုတာဝန်ကို လွှဲပြောင်းပေးခဲ့ပြီး တရုတ်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အာကာသယာဉ်မှူးများ တာဝန်လဲလှယ်မှုပြီးစီးခြင်းဖြစ်ကြောင်း CMSA က ဆိုသည်။

၎င်းတို့သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Dongfeng ယာဉ်ဆင်းသက်သောနေရာ၌ ဆင်းသက်မည်ဖြစ်သည်။ အဆိုပါ ယာဉ်ဆင်းသက်ရေးနေရာကိုလည်း အာကာသယာဉ်မှူး ၃ ဦးပြန်လည်ရောက်နိုင်ရေးအတွက် ပြင်ဆင်မှုများ ပြီးစီးပြီဖြစ်ကြောင်း CMSA က ပြောခဲ့သည်။ (Xinhua)

………………………………….
(English Version)
China’s Shenzhou-15 astronauts to return to Earth on June 4

JIUQUAN, June 2 (Xinhua) — China’s Shenzhou-15 astronauts will return to Earth on June 4, having completed all their scheduled tasks, the China Manned Space Agency (CMSA) said Friday.
The three astronauts handed over the control of the space station to the Shenzhou-16 crew on Friday, completing the country’s second in-orbit crew rotation, according to the CMSA.
They will touch down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region. The landing site has completed the preparations for the return of the three astronauts, the CMSA said.
Photo: A see-off ceremony for three taikonauts of the Shenzhou-15 manned space mission is held at the Jiuquan Satellite Launch Center in northwest China, Nov. 29, 2022.(Xinhua/Liu Lei)