Connect with us

China

တောင်တရုတ်ပင်လယ်ရှိ ရှေးဟောင်းသင်္ဘောပျက်အနီး သံကျောက်ဆူးနှင့် သေတ္တာတွေ့ရှိ

တောင်တရုတ်ပင်လယ်တွင် ရေအောက်စူးစမ်းစစ်ဆေးမှုအတွက် ပြင်ဆင်မှုများပြုလုပ်ရန် သိပ္ပံသုတေသနသင်္ဘော Tansuo-1 မှ အမှုထမ်းများလိုက်ပါနိုင်သော ရေငုပ်သင်္ဘော Shenhai Yongshi (Deep Sea Warrior) ပေါ်တွင် ကြိုးဖြည်ပေးနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ် ရှေးဟောင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်နေသော တောင်တရုတ်ပင်လယ်ရှိ နစ်မြုပ်ပျက်စီးနေသော သင်္ဘောနှစ်စင်းအနက် တစ်စင်းအနီးတွင် သံကျောက်ဆူးတစ်ခုနှင့် သေတ္တာတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အမျိုးသားယဉ်ကျေးမှုဦးစီးဌာနမှ ခွင့်ပြုချက်ဖြင့် ရေနက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့သည် တောင်တရုတ်ပင်လယ်၏ အနောက်မြောက်ပိုင်းဆင်ခြေလျှောအနီး အမှတ် ၁ နှင့် အမှတ် ၂ သင်္ဘောပျက်နေရာများတွင် သုတေသနပြုလေ့လာမှု ပထမအဆင့် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သုတေသနပြုလေ့လာမှုကို ယခုနှစ် မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းသံကျောက်ဆူးနှင့် သေတ္တာတို့ကို အမှတ် ၁ သင်္ဘောပျက်နေရာ၏ အနောက်တောင်ဘက် ဦးတည်ရာလမ်းကြောင်း၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု မီတာ ၅၀ ခန့်အကွာအဝေး၌ ရှိနေကြောင်း သိရသည်။

ကနဦးတိုင်းတာချက်များအရ သံကျောက်ဆူးမှာ အရှည် ၁ မီတာခန့်ရှိပြီး သေတ္တာမှာမူ သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ တစ်စိတ်တစ်ပိုင်းနစ်မြုပ်နေသည့်အနေအထားဖြစ်ကာ သေတ္တာအတွင်းပါဝင်သည့်အရာများကို ထပ်မံသုတေသနပြု လေ့လာရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် တရုတ်သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနသင်္ဘော Tansuo-1 ကို ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Iron anchor, box discovered near South China Sea ancient shipwreck
HAIKOU, May 31 (Xinhua) — An iron anchor and a box have been discovered near one of the two South China Sea ancient shipwrecks where a Chinese archaeological investigation is ongoing.
Approved by the National Cultural Heritage Administration, a deep-sea archaeological team is conducting the first stage of investigations at the site of the No. 1 and No. 2 shipwrecks near the northwest continental slope of the South China Sea. The investigation will run from late May to early June this year.
The iron anchor and the box were discovered in the southwestern direction of the No. 1 shipwreck site, with a distance of about 50 meters between them.
Preliminary measurements show that the iron anchor is about 1 meter long.
The box is preliminarily judged to be made of wood and in a semi-buried state, and the contents of it require further investigation.
Photo 1: A hydronaut unhitches the rope on the crewed submersible Shenhai Yongshi (Deep Sea Warrior) from the scientific research ship Tansuo-1 to make preparations for underwater investigation in the South China Sea, May 26, 2023. (Xinhua/Pu Xiaoxu)
Photo 2: This photo taken on May 22, 2023 shows China’s scientific research ship Tansuo-1 in Sanya, south China’s Hainan Province. (Xinhua/Pu Xiaoxu)