Connect with us

North America

ဟွန်ဒူးရပ်စ်နိုင်ငံရှိ အမျိုးသမီးအကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ရာ လူ ၄၁ ဦး သေဆုံး

ဟွန်ဒူးရပ်စ်နိုင်ငံ တေဂူဆီဂါလ်ပါမြို့မြင်ကွင်းကို ၂၀၂၃ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တေဂူဆီဂါလ်ပါ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ဟွန်ဒူးရပ်စ်နိုင်ငံရှိ အမျိုးသမီးအကျဉ်းထောင်တစ်ခုတွင် ဇွန် ၂၀ ရက်က ဆူပူမှုဖြစ်ပွားခဲ့ရာ အကျဉ်းသူ ၄၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာန မှုခင်းဆေးပညာရပ်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်မှာ တေဂူဆီဂါလ်ပါမြို့တော်မှ ၃၅ ကီလိုမီတာခန့်အကွာ Francisco Morazan ဌာနတွင် တည်ရှိသော လူမှုထိန်းသိမ်းလေ့ကျင့်ရေးဆိုင်ရာ အမျိုးသမီးအကျဉ်းထောင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများအနက် ၂၅ ဦးမှာ မီးလောင်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ ၁၆ ဦးမှာ သေနတ်ကျည်ဆန်များကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Yuri Mora က သတင်းထောက်များအား ပြောခဲ့သည်။
အကျဉ်းထောင်အတွင်း ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် သေဆုံးသူအရေအတွက်မှာ မြင့်တက်နိုင်ကြောင်း ၎င်းက ဆိုသည်။
အကျဉ်းသူတစ်ဦး၏ ဆွေမျိုးများကိုယ်စားလှယ်ဦးဖြစ်သော Delma Ordonez ၏ ပြောကြားချက်အရ ဆူပူမှုမှာ အာဏာပိုင်များက အကျဉ်းထောင်အတွင်း ရုပ်မြင်သံကြားနှင့် အခြားကိရိယာများ ကန့်သတ်ခြင်းနှင့် သိမ်းယူခြင်း အပါအဝင် စည်းမျဉ်းသစ်များ ကြေညာလိုက်ပြီးနောက် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများကို တေဂူဆီဂါလ်ပါမြို့ရှိ ဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း၊ မီးလောင်နေသော ရုပ်အလောင်းရုပ်ပုံများနှင့် အခြားသွေးထွက်သံယိုမြင်ကွင်းများကလည်း လူမှုမီဒီယာပေါ်၌ ပျံ့နှံ့လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………………….
(English Version)
Riot at Honduras women prison leaves 41 dead
TEGUCIGALPA, June 20 (Xinhua) — A riot Tuesday at a women prison in Honduras left at least 41 inmates dead, the Public Ministry’s Forensic Medicine Directorate confirmed.
Authorities have so far discovered that 25 of the victims were burnt to death and 16 were riddled with bullets at the National Women’s Penitentiary for Social Adaptation, located in the central department of Francisco Morazan, about 35 km from the capital city Tegucigalpa, Public Ministry spokesperson Yuri Mora told reporters.
The death toll could rise as authorities continue to search the facility, he said.
Delma Ordonez, a representative of the relatives of the inmates, said the riot broke out after authorities announced new rules for the prison, including banning and confiscating televisions and other devices.
According to local media, injured prisoners were transferred to a hospital in Tegucigalpa, as images of the burned corpses and other scenes of the bloody aftermath were already circulating on social media.
Photo: This aerial photo taken on March 26, 2023 shows a view of Tegucigalpa, Honduras. (Xinhua/Xin Yuewei)