Connect with us

Media

အမေရိကန်နိုင်ငံတောင်ပိုင်းတွင် အပူလှိုင်းကျရောက်

လော့အိန်ဂျလိစ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တက္ကဆက်ပြည်နယ်၊ လူဝီစီယားနားပြည်နယ်နှင့် ဖလော်ရီဒါပြည်နယ်တို့အပါအဝင် အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်အများအပြားတွင် နေထိုင်သည့် လူဦးရေ ၃၅ သန်းကျော်မှာ ရက်ပေါင်းများစွာ ကြာနိုင်ဖွယ်ရှိသည့် အပူလှိုင်းဒဏ်ကို ကြုံတွေ့နေရကြောင်း အမေရိကန် အမျိုးသား မိုးလေဝသဌာန (NWS) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အပူချိန်မြင့်မားမှုမှာ ယခုတစ်ပတ်အတွင်း ဆက်လက်ရှိနေဦးမည်ဟု NWS က ဇွန် ၁၉ ရက် နောက်ဆုံးခန့်မှန်းချက်ပြောကြားထားသည်။

လာမည့်ရက်အနည်းငယ်အတွင်း အမေရိကန်နိုင်ငံ အရှေ့တောင်ဘက်တစ်လျှောက်တွင် ပြင်းထန်သောမိုးကြိုးမုန်တိုင်းများကျရောက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုအချို့ ဖြစ်နိုင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပူပြင်းသည့် ရာသီဥတုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း NWS ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………..
(English Version)
Heat wave hits southern U.S.
LOS ANGELES, June 19 (Xinhua) — More than 35 million people in multiple southern states of the United States, including Texas, Louisiana and Florida, are experiencing a widespread heat wave that is expected to last for days, according to the U.S. National Weather Service (NWS).
A blistering heat wave will persist all this week, NWS said in its latest forecast on Monday.
Thunderstorms, some severe, and heavy rainfall are possible in the next few days across the Southeast. Critical fire weather conditions persist in the Southwest, according to the NWS.