Connect with us

China

တရုတ်က စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များအတွက် ဦးစားပေးဝယ်ယူခွန်မူဝါဒ သက်တမ်းတိုး

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEVs) အတွက် ဦးစားပေးဝယ်ယူခွန်မူဝါဒကို ၂၀၂၇ နှစ်ကုန်အထိ သက်တမ်းတိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဝို ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် တွင်ဝယ်ယူသော NEVs များအတွက်ဝယ်ခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နှင့် ၂၀၂၇ ခုနှစ် တွင်ဝယ်ယူသော NEVs များအတွက်မူ အခွန်ထက်ဝက်လျှော့ချပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အခွန်ဦးစီးဌာန၊ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆောင်ရွက်မှုသည် NEVs ကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်နှင့် မော်တော်ယာဉ်အသုံးပြုမှုကို စိတ်ဝင်စားလာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

……………………………
(English Version)
China extends preferential purchase tax policy for NEVs
BEIJING, June 21 (Xinhua) — China will extend its preferential purchase tax policy for new energy vehicles (NEVs) to the end of 2027, Chinese authorities have said.
Purchase tax will be exempted for NEVs bought in 2024 and 2025, and it will be halved for NEVs bought in 2026 and 2027, according to a statement released by the Ministry of Finance, the State Taxation Administration, and the Ministry of Industry and Information Technology.
The move seeks to support the NEVs sector’s development and stimulate automobile consumption, the statement said. ■