Connect with us

Videos

အီရန်နိုင်ငံမှ အာဖဂန်ဒုက္ခသည် ၇၄,၀၃၆ ဦး နေရပ်ပြန်

အာဖဂန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

အာဖဂန်ဒုက္ခသည်ဦးရေ ၇၄,၀၀၀ ကျော်သည် ပြီးခဲ့သည့်လအတွင်း အီရန်နိုင်ငံမှ ၎င်းတို့၏ နေရပ် အာဖဂန် နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက ဇွန် ၂၆ ရက်တွင် ဖော်ပြခဲ့သည်။အီရန်နိုင်ငံ၌ နှစ်အတော်ကြာ ဒုက္ခသည်အဖြစ် နေထိုင်ခဲ့သည့် အာဖဂန်ဒုက္ခသည် ၇၄,၀၃၆ ဦးသည် ၎င်းတို့၏ နေရပ် အာဖဂန်နစ္စတန်နိုင်ငံသို့ Nimroz ပြည်နယ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး လုပ်ငန်းစဉ်များအား ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဧပြီလ အစောပိုင်းမှ မေလလယ်အထိ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည့် ဒုက္ခသည် ၆၄,၁၁၅ ဦး ရှိကာ ပြီးခဲ့သည့် သုံးလအတွင်း အီရန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့သည့် ဒုက္ခသည် အရေအတွက်မှာ ၁၃၈,၁၅၁ ဦး ရှိခဲ့ကြောင်း သတင်းအေဂျင်စီ၏ ဖော်ပြမှုအရ သိရသည်။ (Xinhua)

——————————
74,036 Afghan refugees return home from Iran
More than 74,000 Afghan refugees have returned to their homeland Afghanistan from neighboring Iran over the past month, the state-run Bakhtar news agency reported on Monday.
A total of 74,036 Afghan refugees who used to stay as refugees in Iran for years returned to their homeland via Afghanistan’s Nimroz province over the past month, and the process continues, the report said.
According to the news agency, the number of refugees returning from Iran over the past three months reached 138,151, as 64,115 refugees returned to Afghanistan from early April to mid-May.
Xinhua News Agency correspondents reporting from Zaranj, Afghanistan. (XHTV)