Connect with us

China

CPC အဆင့်မြင့်တာဝန်ရှိသူနှင့် ရုရှား၊ CEE နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ လျိုကျန့်ချောင်းသည် ရုရှားနိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) နိုင်ငံများမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ပေကျင်းမြို့၌ ဇွန် ၂ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

လျိုသည် ရုရှားဖက်ဒရေးရှင်း ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရုရှားလွှတ်တော် နိုင်ငံတကာရေးရာ ပထမ ဒုတိယဥက္ကဋ္ဌ Dmitry Novikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။
ထို့ပြင် လျိုသည် Bohemia နှင့် Moravia ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌနှင့် ဥရောပပါလီမန်အဖွဲ့ဝင် Katerina Konecna ဦးဆောင်လာသည့် ပါတီများစွာ၏ ပူးတွဲကိုယ်စားလှယ်အဖွဲ့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့သည်။
လျိုသည် အဆိုပါ ကိုယ်စားလှယ်နှစ်ဖွဲ့နှင့် ပါတီအချင်းချင်း ကူးလူးဆက်ဆံမှုများ နက်ရှိုင်းမှုရှိစေရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအပြင် မြှင့်တင်ရေးနှင့် အခြားသောကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Senior CPC official meets with delegations from Russia, CEE countries

BEIJING, June 2 (Xinhua) — Liu Jianchao, head of the International Department of the Communist Party of China (CPC) Central Committee, met with delegations of political parties from Russia and Central and Eastern European (CEE) countries in Beijing on Friday.
Liu met with a delegation led by Dmitry Novikov, deputy chairman of the Central Committee of the Communist Party of the Russian Federation and first deputy chairman of the Russian State Duma Committee on International Affairs.
He met separately with a joint delegation of multiple parties led by Katerina Konecna, chairwoman of the Communist Party of Bohemia and Moravia and member of the European Parliament.
Liu exchanged in-depth views with the two delegations on deepening inter-party exchanges and promoting bilateral relations, among other issues.