Connect with us

China

တရုတ်နိုင်ငံက သဲကန္တာရများကို သစ်တောများအဖြစ် အသွင်ပြောင်းလဲကာ ကမ္ဘာကြီးအတွက် စိမ်းလန်းမှုကို ဖော်ဆောင်ပေး

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Hunshandake Sandland တွင် သစ်ပင်စိုက်ပျိုးနေသော စေတနာ့ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လွန်ခဲ့သောနှစ်များစွာအတွင်း သဲကန္တာရဖြစ်ပေါ်လာမှုကို တိုက်ဖျက်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ခဲ့ပြီး သဲကန္တာရတိုးချဲ့ဖြစ်ထွန်းလာမှုအတွက် အရှိန်ထိန်းမှုများ ပြုလုပ်ကာ ကမ္ဘာ့ဂေဟစနစ်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုလျက်ရှိသည်။

၂၀၁၂-၂၀၂၂ ကာလအတွင်း တရုတ်နိုင်ငံ၏ သစ်တောပျိုးထောင်မှုဧရိယာမှာ mu ၉၆၀ သန်း (ဟက်တာ ၆၄ သန်း) အထိ ရောက်ရှိလာပြီဖြစ်ကာ မြက်ခင်းပြင်မှာလည်း mu ၁၆၅ သန်း ကျယ်ပြန့်လာခဲ့ပြီး စိမ့်မြေအရပ်အနေဖြင့် mu ၁၂ သန်းကျော် ထပ်တိုးခြင်း သို့မဟုတ် ပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။

ပြည်သူများ၏ ပါဝင်မှုကို တွန်းအားပေး၍ မူဝါဒဆောင်ရွက်ချက်များ အကောင်အထည်ဖော်ခြင်းဖြင့် တရုတ်နိုင်ငံသည် သဲကန္တာရဖြစ်ပေါ်မှု တားဆီးရန် ထိရောက်၍ လက်တွေ့ကျသောအဆင့်များ ဆောင်ရွက်ကာ လွင်တီးခေါင်မြေကို သစ်တောများနှင့် မြက်ခြင်းပြင်များအဖြစ် အသွင်ပြောင်းလဲခဲ့သည်။
တရုတ်နိုင်ငံသည် ၁၉၇၉ ခုနှစ်တွင် အမျိုးသားသစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် မတ် ၁၂ ရက်ကို သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံသားများက ၁၉၈၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကြား နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၇၈.၁ သန်းခန့် စိုက်ပျိုးခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
Turning deserts into forests: How China is helping the world go green
BEIJING, June 7 (Xinhua) — China has made sustained efforts to combat desertification over the years, putting the brakes on desert expansion and contributing to global ecological conservation.
During the 2012-2022 period, China’s accumulative afforestation area reached 960 million mu (64 million hectares), while 165 million mu of grassland was improved, and more than 12 million mu of wetlands were added or restored, official data showed.
From encouraging public participation to implementing policy measures, the country has taken effective and practical steps to curb desertification, turning barren soil into forests and grasslands.
China designated March 12 as National Tree Planting Day in 1979, and Chinese citizens voluntarily planted approximately 78.1 billion trees between 1982 and 2021 across the vast country, official data shows.
Photo: Volunteers plant trees in the Hunshandake Sandland, north China’s Inner Mongolia Autonomous Region, April 22, 2023. (Xinhua/Li Yunping)