Connect with us

China

အကျိုးရလဒ်များစွာဖြင့် Eco Forum Global ကျင်းပပြီးစီး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် ပြုလုပ်သော Eco Forum Global Guiyang 2023 ပိတ်ပွဲအခမ်းအနားအား ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဂေဟစနစ်ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့အစည်းဟူသော ခေါ င်းစဉ်ဖြင့် ပြုလုပ်သည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံအဆင့် ကမ္ဘာလုံးဆိုင်ရာဖိုရမ် Eco Forum Global Guiyang 2023 ကို နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် မြို့တော် ကွေ့ယန်၌ ဇူလိုင် ၉ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် ပြုလုပ်သော Eco Forum Global Guiyang 2023 ပိတ်ပွဲအခမ်းအနား၌ Dong တိုင်းရင်းသား အနုပညာရှင်များ သီဆိုဖျော်ဖြေနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါဖိုရမ်အတွင်း တရုတ်နိုင်ငံ မိုးလေဝသဦးစီးဌာနက တရုတ်၊ အာရှနှင့် ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဖြစ်စဉ်အသစ်များကို လေ့လာဆန်းစစ်ထားသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂ (IUCN) က တရုတ်နိုင်ငံရှိ သဘာဝသစ်တောကြိုးဝိုင်း ၁၃ ခုကို ၎င်းတို့၏ အစိမ်းရောင်စာရင်း၌ ထည့်သွင်းခြင်း အခမ်းအနားကိုလည်း ကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ်သို့ နိုင်ငံနှင့် ဒေသပေါင်း ၄၂ ခုမှ ပါဝင်သူ ၃,၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ဂေဟဗေဒဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့အစည်း တည်ဆောက်မှုနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတူစာချုပ် ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ ကျင်းပသော ဖိုရမ်က လူသားနှင့် သဘာဝတရားကြား သဟဇာတဖြစ်စွာ အတူယဉ်တွဲနေထိုင်ရေး ခေတ်မီအသွင်ပြောင်းခြင်းနှင့် အစိမ်းရောင်နှင့် ကာဗွန်လျော့နည်းသောဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းဆိုင်ရာ အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

………………………………
(English Version)
Eco Forum Global concludes with fruitful results
GUIYANG, July 9 (Xinhua) — China’s only national-level global forum themed on ecological civilization, Eco Forum Global Guiyang 2023, concluded on Sunday in Guiyang, capital of southwest China’s Guizhou Province.
During the forum, the China Meteorological Administration issued a blue paper on climate change, which analyzes new climate trends in China, Asia and around the globe.
The International Union for Conservation of Nature (IUCN) held the award ceremony for 13 natural reserves in China that were placed on its green list.
The forum attracted more than 3,200 participants from 42 countries and regions, and 14 consensus were reached on ecological civilization construction and green development.
The forum, from Saturday to Sunday, focused on seeking the modernization of harmonious coexistence between man and nature, and promoting green and low-carbon development.
Photo 1: This photo taken on July 9, 2023 shows the closing ceremony of the Eco Forum Global Guiyang 2023 in Guiyang, southwest China’s Guizhou Province. (Xinhua/Yang Wenbin)
Photo 2: Artists sing songs of Dong ethnic group at the closing ceremony of the Eco Forum Global Guiyang 2023 in Guiyang, southwest China’s Guizhou Province, July 9, 2023. (Xinhua/Yang Wenbin)