Connect with us

China

တရုတ်ရှေးဟောင်းသုတေသနစီမံကိန်းက ယခုအခါ ပရောဂျက် ၁၈ ခုဆောင်ရွက်လျက်ရှိ

ကျိနန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ်က စတင်ခဲ့သော ရှေးဟောင်းသုတေသန စီမံကိန်းတွင် ယခုအခါ အဓိက ရှေးဟောင်းသုတေသန ပရောဂျက် ၁၈ ခု ကိုဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်မြို့တော် ကျိနန်တွင် ဇူလိုင် ၁၁ ရက်က အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဦးစီးဌာန မှ ကျင်းပသည့် အမျိုးသားကွန်ဖရင့်အရ သိရသည်။

အဆိုပါ စီမံကိန်းများသည် လူသားများ၏ မူလဇာစ်မြစ်၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု နှင့် လူမျိုးပေါင်းစုံ ပေါင်းစည်းထားသော နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ရှေးဟောင်းသုတေသန လေ့လာရေး နယ်ပယ် အသီးသီးတွင် ရှိကြောင်း ကွန်ဖရင့်မှ သိရသည်။
လွန်ခဲ့သည့် ခုနစ်နှစ်တာကာလအတွင်း အဓိကရှေးဟောင်းသုတေသနပရောဂျက်များ၏ ရလဒ်များသည် တရုတ်ယဉ်ကျေးမှု၏ဇာစ်မြစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပေါင်းစည်းထားသော တရုတ်နိုင်ငံဖြစ်ပေါ်လာမှုဆိုင်ရာ သက်သေပံ့ပိုးပေးခြင်းလည်းဖြစ်ကြောင်း အဆိုပါကွန်ဖရင့် မှ သိရသည်။ (Xinhua)

………………………..
(English Version)
Archeology China program now has 18 major projects
JINAN, July 11 (Xinhua) — An Archeology China program launched in 2017 now includes 18 major archaeology projects, according to a national conference held on Tuesday by the National Cultural Heritage Administration in Jinan, the capital city of east China’s Shandong Province.
The projects are in various fields of archeological study, including the origins of humans, agriculture and civilization, and the development of a unified multiethnic country, according to the conference.
It said that over the past seven years, the results of major archeology projects have provided evidence for the origins and development of the Chinese civilization, and of the formation of a unified multi-ethnic Chinese nation. ■