Connect with us

China

တရုတ်နိုင်ငံ၏ အဓိက အစိမ်းရောင် ထုတ်ကုန်များ တင်ပို့မှုသည် ပထမနှစ်ဝက်တွင် ၆၁.၆ ရာခိုင်နှုန်းတိုးတက်လာ

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိကနည်းပညာသုံး အစိမ်းရောင်ထုတ်ကုန်သုံးမျိုးဖြစ်သည့် ဆိုလာဘက်ထရီများ၊ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများနှင့် လျှပ်စစ်မော်တော်ယာဉ်များ၏ စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူကထက် ၆၁.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဇူလိုင် ၁၃ ရက်၌ အကောက်ခွန်ဌာနအချက်အလက်များကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ကုန်များက ယင်းကာလအတွင်း ပို့ကုန်စုစုပေါင်းတိုးတက်မှုကို ပွိုင့် ၁.၈ ရာခိုင်နှုန်းပံ့ပိုးပေးခဲ့ကြောင်း အထွေထွေအကောက်ခွန် ဦးစီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုမှာ ယွမ် ၂၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ထရီလီယံ) ရှိပြီး ယမန်နှစ်ကာလတူကထက် ၂.၁ ရာခိုင်နှုန်း တိုးလာကြောင်း အချက်အလက် များတွင် ဖော်ပြထားချက်အရ သိရသည်။ (Xinhua)

……………………………..
( English Version)

China’s exports of major green products surge 61.6 pct in H1

BEIJING, July 13 (Xinhua) — The total export value of China’s three major tech-intensive green products — solar batteries, lithium-ion batteries and electric vehicles — soared 61.6 percent year on year in the first half of 2023, customs data showed Thursday.

Together they contributed 1.8 percentage points to the overall export growth during the same period, according to the General Administration of Customs.

The country’s total goods imports and exports expanded 2.1 percent year on year to 20.1 trillion yuan (about 2.8 trillion U.S. dollars) in the first half of the year, the data revealed.