Connect with us

Media

ကွန်တိန်နာတင်သင်္ဘောကြီး ဂရိနိုင်ငံ Piraeus ဆိပ်ကမ်းသို့ ဆိုက်ကပ်လာ

အေသင်၊ ဇူလိုင် ၁၃ရက် (ဆင်ဟွာ)

Orient Overseas Container Line Europe (OOCL) ကုမ္ပဏီက အသစ်တည်ဆောက်ထားပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးကွန်တိန်နာတင်သင်္ဘောများအနက် တစ်ခုဖြစ်သော OOCL PIRAEUS ကွန်တိန်နာတင်သင်္ဘောကြီးကို ဇူလိုင် ၁၀ ရက်၌ ဂရိနိုင်ငံ Piraeus ဆိပ်ကမ်းက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

အာရှတိုက်နှင့် ဥရောပတိုက်ကို ချိတ်ဆက်ထားသော ၈၄ ရက်ကြာ ပွဲဦးထွက်ရေကြောင်းခရီးစဉ်အဖြစ် ခရီးပြုလျက်ရှိသည့် အဆိုပါ ကွန်တိန်နာတင်သင်္ဘောသည် COSCO သင်္ဘောလိုင်း၏ လုပ်ငန်းခွဲဖြစ်သည့် Piraeus Container Terminal S.A. (PCT) ကွန်တိန်နာဆိပ်ကမ်းသို့ ဇူလိုင် ၁၀ ရက်က ဆိုက်ရောက်လာခဲ့သည်။

အလျား ၃၉၉.၉ မီတာရှည်ပြီး ၆၁.၃ မီတာ ကျယ်ဝန်းသော OOCL PIRAEUS သင်္ဘောကြီးတွင် ကွန်တိန်နာတင်ဆောင်နိုင်စွမ်း TEUs ၂၄,၁၈၈ ရှိကာ ကမ္ဘာပေါ်ရှိ အကြီးဆုံး ကွန်တိန်နာတင်သင်္ဘောများအနက် တစ်ခု ဖြစ်ကြောင်း PCT ထုတ်ပြန်ချက်အရ သိရသည်။

“ဒီကနေ့ ဒီနေရာမှာ OOCL PIRAEUS ဆိုက်ကပ်မှုက Piraeus ဆိပ်ကမ်းအတွက် အရေးပါပြီး အရှေ့ဖျားဒေသကနေ ဥရောပ၊ အာဖရိကဒေသအထိ ချိတ်ဆက်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်ရဲ့ အရေးပါတဲ့ချိတ်ဆက်မှုဖြစ်လာပါတယ်” ဟု PCT မန်နေဂျင်းဒါရိုက်တာ ကျန်းအန်းမင်က အထူးကြိုဆိုပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
ယနေ့ Piraeus ဆိပ်ကမ်းသည် မြေထဲပင်လယ်ဒေသရှိ ကွန်တိန်နာဆိပ်ကမ်းများ၏ ထိပ်တန်းအဆင့်တွင်ရှိပြီး ဥရောပရှိ အရေးပါသော ရေကြောင်းကုန်သွယ်ရေးအချက်အချာ လေးခု၌လည်း ပါဝင်ကြောင်း ကျန်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

……………………………..
(English Version)
Greece’s Piraeus port welcomes mega container vessel
ATHENS, July 10 (Xinhua) — Piraeus port welcomed on Monday OOCL PIRAEUS, a newbuild of the Orient Overseas Container Line Europe (OOCL) and also one of the largest container vessels in the world.
On its maiden 84-day round trip voyage connecting Asia with Europe, the container vessel arrived on Monday at the premises of Piraeus Container Terminal S.A. (PCT), a subsidiary of COSCO Shipping.
With an overall length of 399.9 meters and a molded width of 61.3 meters, the OOCL PIRAEUS has a container capacity of 24,188 TEUs and is one of the largest container vessels in the world, according to a PCT press release.
“The very presence of OOCL PIRAEUS here today signifies the fact that the Port of Piraeus has become a critical link of the new trade route connecting the Far East to Europe and Africa,” Zhang Anming, managing director of PCT, said at a special welcome ceremony.
Today Piraeus is at the top of container ports in the Mediterranean and among the four most important sea trade hubs in Europe, Zhang added.
Photo 1-4: This aerial photo taken on July 10, 2023 shows OOCL PIRAEUS, one of the largest container vessels in the world, arriving at Piraeus port in Piraeus, Greece. (Xinhua)