Connect with us

Asia

ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ် ရွေးချယ်နိုင်ခြင်းမရှိသေး

ဘန်ကောက်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ လွှတ်တော်က ဇူလိုင် ၁၃ ရက်တွင် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်နိုင်ခြင်းမရှိခဲ့ကြောင်းနှင့် Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုအန်ရတ် (Pita Limjaroenrat) အနေဖြင့် လွှတ်တော်အမတ်များထံမှ အများစုထောက်ခံမဲ လုံလုံလောက်လောက်မရရှိခဲ့ကြောင်း သိရသည်။

လွှတ်တော်အမတ် ၅၀၀ ရှိသော အောက်လွှတ်တော်နှင့် အမတ်ဦးရေ ၂၅၀ ရှိသော အထက်လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသည့် အစည်းအဝေးတွင် ပီတာအား ဝန်ကြီးချုပ်လောင်းအဖြစ် တစ်ဦးတည်း အမည်စာရင်းတင်သွင်းခံခဲ့သော်လည်း ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သောမဲအရေအတွက် ၃၇၆ အနက် ၃၂၄ မဲသာ ရရှိခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များကြား နာရီများစွာကြာ ဆွေးနွေးခဲ့ကြပြီးနောက် ယခုလိုမဲရလဒ်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
Move Forward ပါတီသည် မေလက ကျင်းပခဲ့သော ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ အမတ်နေရာအများစု ရရှိထားသော ပါတီဖြစ်သည်။ (Xinhua)

………………………………………………

(English Version)

Thailand parliament fails to elect new PM in joint voting session

BANGKOK, July 13 (Xinhua) — Thailand’s parliament failed to pick a new prime minister on Thursday as the sole candidate and Move Forward Party leader Pita Limjaroenrat fell short of securing the majority support from the parliamentarians.
In a joint session of the 500-member lower house and the 250-senator upper house, Pita was the only candidate nominated as prime minister but received only 324 votes in favor, short of the 376-vote simple majority required to become the prime minister, according to roll-call votes broadcasted live.
The vote was held after several hours of debates among the parliamentarians.
The Move Forward Party emerged as the largest party in the lower house of parliament in Thailand’s general election in May.
Photo: Pita Limjaroenrat, the prime minister candidate from the Move Forward Party of Thailand, speaks at a press conference at the Move Forward Party headquarters, in Bangkok, Thailand, May 14, 2023. (Xinhua/Rachen Sageamsak)