Connect with us

Asia

တရုတ်အဆင့်မြင့်သံတမန် ဝမ်ရိနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ယာဘက် ဒုတိယ) နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းတို့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ဝမ်ရိသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း (Don Pramudwinai) နှင့် အင်ဒိုနီးရှားနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ယာဘက် ဒုတိယ) နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းတို့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဒွန်က ထိုင်း-တရုတ် ချစ်ကြည်ရင်းနှီးမှုကို ချီးကျူးပြောကြားလိုက်ပြီး နှစ်နိုင်ငံကြား နယ်ပယ်စုံ၌ အလုံးစုံပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းနှင့် အနီးကပ် ကူးလူးဆက်ဆံမှုများ တိုးမြှင့်ခြင်းကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲလည်းဖြစ်သူ ဝမ်က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မိသားစုတစ်ခုတည်းဖြစ်ကြောင်း၊ ကံကြမ္မာအကျိုးတူ တရုတ်-ထိုင်း အသိုက်အဝန်း တည်ဆောက်ရာတွင် ခိုင်မာသော လူမှုအသိုက်အဝန်းနှင့် ပြည်သူ့ဆန္ဒအခြေခံအုတ်မြစ်ရှိကြောင်းနှင့် နိုင်ငံရေးနယ်ပယ်တစ်ခွင် လက်ရှိအာဏာရပါတီနှင့် အတိုက်အခံပါတီများထံမှ အခိုင်အမာထောက်ခံမှုကိုလည်း ရရှိထားကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက်ဆက်ဆံရေး အားကောင်းလာစေရန်၊ ချစ်ကြည်ရင်းနှီးမှု ခိုင်မာရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်၊ နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားများ၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ နိုင်ငံတကာဆက်ဆံရေး စီမံအုပ်ချုပ်မှု အခြေခံစံနှုန်းများကို ကာကွယ်ထိန်းသိမ်းရန် အသင့်ရှိကြောင်း ဝမ်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ဒွန်က ၎င်းအနေဖြင့် မကြာသေးမီက မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်ကို အကျဉ်းချုပ်ပြောကြားခဲ့ပြီး မြန်မာ့အရေး နိုင်ငံရေးအရ အဖြေရှာရာတွင် တရုတ်နိုင်ငံအနေဖြင့် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေဖြင့် ၎င်းတို့၏နည်းလမ်းဖြင့် မြန်မာ့နိုင်ငံရေးကို ဖြေရှင်းခြင်းနှင့် နိုင်ငံများအားလုံးလက်ခံထားသော လမ်းပြမြေပုံအား ဆောင်ရွက်ခြင်းများအတွက် တရုတ်နိုင်ငံက ထောက်ခံကြောင်း ဝမ်က ပြောခဲ့သည်။
မြန်မာနိုင်ငံအရေးအပေါ် ထိုင်းနိုင်ငံ၏ လက်တွေ့ကျသောချဉ်းကပ်မှုနှင့် နောက်ဆုံးသွားရောက်ခဲ့သည့်ခရီးစဉ် အတွက် အလေးထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းခြင်းအတွက် အစဉ်အမြဲရပ်တည်ကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ဆောက်ခြင်းကို အားပေးထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Wang Yi meets Thai deputy PM on ties
JAKARTA, July 15 (Xinhua) — Senior Chinese diplomat Wang Yi on Friday met here with Thai Deputy Prime Minister and Foreign Minister Don Pramudwinai and exchanged views on bilateral ties as well as the Myanmar issue.
Don spoke highly of Thailand-China friendship and was glad to see the continuous advancement of all-round cooperation and increasingly close exchanges in various fields between the two countries.
Wang, director of the Office of the Central Commission for Foreign Affairs, said China and Thailand are one family. The building of a China-Thailand community with a shared future has a solid social and popular foundation and has received strong support from the ruling and opposition parties across the political spectrum, he said.
China is ready to strengthen strategic communication with Thailand, consolidate their friendship and expand cooperation, safeguard the common interests of both sides, as well as regional peace and stability and the basic norms governing international relations, Wang said.
Regarding the Myanmar issue, Don briefed Wang on his recent trip to Myanmar and said he hoped China will continue to play an important role in promoting a political solution to the Myanmar issue.
Wang said China supports the Association of Southeast Asian Nations (ASEAN) to resolve the Myanmar issue in its own way and work out a roadmap acceptable to all parties.
China appreciates Thailand’s proactive approach and its latest progress on the Myanmar issue, Wang said, adding that China always stands for maintaining ASEAN unity and cooperation, supports ASEAN community building, and will continue to play a constructive role in its own way.
Director of the Office of the Central Commission for Foreign Affairs Wang Yi (R) meets with Thai Deputy Prime Minister and Foreign Minister Don Pramudwinai in Jakarta, Indonesia, July 14, 2023. (Xinhua/Xu Qin)