Connect with us

Media

တရုတ်နှင့် ရုရှားက ကမ္ဘာကြီး ဗဟုအသွင်ပြောင်းရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတူတကွ တွန်းအားပေးဆောင်ရွက်သွားမည်

ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် ရုရှားက ကမ္ဘာကြီး ဗဟုအသွင်ပြောင်းရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတူတကွ တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ် အဆင့်မြင့်သံတမန် ဝမ်ရိက ဇူလိုင် ၁၃ ရက်၌ ပြောကြားခဲ့သည်။
ရာစုနှစ်အတွင်း မကြုံတွေ့ဖူးသော အဓိကပြောင်းလဲမှုများကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့၏ တရားဝင် အကျိုးစီးပွားများ ထိန်းသိမ်းခြင်း၊ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေးလမ်းကြောင်းသို့ လျှောက်လှမ်းခြင်း၌ အခိုင်အမာ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဖ်ရော့ဗ်နှင့် တွေ့ဆုံစဉ် ဝမ်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များကြား ရရှိခဲ့သော အရေးပါသည့် သဘောတူညီချက်များကို ဆက်လက်ဆောင်ရွက်ခြင်း၊ အဆင့်မြင့်ကူးလူးဆက်ဆံမှုများ ထိန်းသိမ်းခြင်းနှင့် မဟာဗျူဟာမြောက် ဆက်သွယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြောင်း ပြောကြားလျက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒေသတွင်းသဘောတူညီချက် လွှမ်းခြုံခြင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ မြှင့်တင်ခြင်းနှင့် ဒေသတွင်း သာယာဝပြောမှုနှင့် တည်ငြိမ်မှု မြှင့်တင်ခြင်းအတွက် အထောက်အကူပြုလျက် ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဖ်ရော့ဗ်ကလည်း ရုရှားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များက ရရှိထားသော အရေးပါသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ နယ်ပယ်စုံ၌ မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုနှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံ အားကောင်းလာအောင် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
China, Russia jointly promote world multi-polarity, greater democracy in int’l relations: Wang Yi
JAKARTA, July 13 (Xinhua) — Senior Chinese diplomat Wang Yi said on Thursday said China and Russia will jointly promote world multi-polarity and greater democracy in international relations.
When meeting with Russian Foreign Minister Sergei Lavrov on the sidelines of a series of ASEAN foreign ministers’ meetings, Wang, director of the Office of the Central Commission for Foreign Affairs, said that in the face of major changes unseen in a century, China and Russia firmly support each other in safeguarding their legitimate interests and adhere to the path of harmonious coexistence and win-win cooperation.
The two sides should follow the important consensus reached between the two heads of state, maintain high-level exchanges, and strengthen strategic communication and coordination, Wang said.
Noting that both China and Russia are ASEAN’s dialogue partners, Wang said strengthening cooperation with ASEAN countries is conducive to converging regional consensus on development, promoting multilateralism, and boosting regional prosperity and stability.
For his part, Lavrov said Russia is willing to work with China to implement the important consensus reached by the two heads of state, further strengthen strategic coordination and deepen cooperation in various fields.