Connect with us

China

တရုတ်နိုင်ငံ၏ AG600 ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်က မီးငြှိမ်းသတ်ခြင်းတာဝန်များ ကောင်းမွန်စွာ ဆောင်ရွက်နိုင်စွမ်းရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် ရေစုဆောင်းခြင်းနှင့် ပက်ဖျန်းခြင်းစမ်းသပ်မှုအတွင်း ရေပက်ဖျန်းကာမီးငြှိမ်းသတ်နေသော AG600M လေယာဉ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော AG600 ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်သည် မီးငြှိမ်းသတ်မှုတာဝန်များကို ကောင်းမွန်စွာထမ်းဆောင်နိုင်စွမ်းရှိသည်ကို အကဲဖြတ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း လေယာဉ်တီထွင်ထုတ်လုပ်သူက ဇူလိုင် ၁၈ ရက်၌ ကြေညာခဲ့သည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း AG600 လေယာဉ်များသည် တရုတ်နိုင်ငံတစ်ဝန်း နေရာများစွာ၌ စမ်းသပ်ပျံသန်းမှု ၁၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး စုစုပေါင်း ပျံသန်းမှုကြာမြင့်ချိန် နာရီပေါင်း ၄၃၀ ရှိကြောင်း တရုတ်နိုင်ငံ၌ ဦးဆောင်လေယာဉ်ထုတ်လုပ်သူဖြစ်သော တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ပျံသန်းမှုများအတွင်း လေယာဉ်၏ တင်ဆက်မှုပလက်ဖောင်းနှင့် မီးငြှိမ်းသတ်ခြင်း စနစ်များကိုလည်း အကဲဖြတ်စစ်ဆေးခဲ့ပြီးဖြစ်သည်။ လေယာဉ်စမ်းသပ်ပျံသန်းမှုကို ရေပမာဏ ၃ တန်၊ ၆ တန်နှင့် ၁၂ တန် စသဖြင့် တင်ဆောင်၍ ရေပက်ဖျန်းမှုလုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့ပြီး လုပ်ဆောင်မှုပုံစံမျိုးစုံ၌ လေယာဉ်၏ စွမ်းဆောင်မှုကိုလည်း အကဲဖြတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

လေယာဉ်၏ နည်းပညာဆိုင်ရာဆက်စပ်အချက်ပြစနစ်များကလည်း လေယာဉ်၏ ဒီဇိုင်းလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည်။ ထိုအဆင့်တွင် AG600 ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်သည် မီးငြှိမ်းသတ်မှုတာဝန်များကို ဘေးကင်းစွာ ဆောင်ရွက်နိုင်သော လက်တွေ့အသုံးချစွမ်းဆောင်မှုများလည်းရှိကြောင်း AVIC က ဆိုသည်။
AG600 လေယာဉ်သည် တောမီးငြှိမ်းသတ်ခြင်း၊ ပင်လယ်ရေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတို့အပြင် အခြားအရေးပါသော ကယ်ဆယ်ရေးမစ်ရှင်များ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ AG600 လေယာဉ်သည် လေကြောင်းပျံသန်းမှုအသိအမှတ်ပြုအဆင့်သို့ ပြီးပြည့်စုံစွာ ဝင်ရောက်သွားပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ယင်းလေယာဉ်အမျိုးအစားအတွက် အသိအမှတ်ပြုလက်မှတ် ရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s AG600 amphibious aircraft capable to perform firefighting tasks
BEIJING, July 18 (Xinhua) — China-developed AG600 large amphibious aircraft have been verified as capable of performing firefighting tasks, the aircraft developer announced Tuesday.
During the first half of this year, three AG600 airplanes conducted 172 test flights, with a total of 430 flight hours, at multiple sites across China, the Aviation Industry Corporation of China (AVIC), the country’s leading plane-maker said.
During the test flights, the performance of the aircraft’s platform and its firefighting systems were verified. The test-flight aircraft conducted the water-dropping operations involving loads of three, six and 12 tonnes of water, and verified the aircraft’s performance in various operation modes, postures, speeds and altitudes.
The relevant technical indicators are in line with the design requirements of the aircraft. At this stage, the AG600 amphibious aircraft have the practical application capabilities to safely perform firefighting tasks, the AVIC said.
The AG600 can combat forest fires, perform maritime search and rescue, and other critical rescue missions.
By now, the AG600 aircraft has comprehensively entered the airworthiness certification phase. It is expected to receive a type certificate by 2024.
Photo 1: An AG600M firefighting aircraft drops water during a gathering and dropping water test in Jingmen, central China’s Hubei Province, Sept. 27, 2022. (Xinhua/Wu Zhizun)