Connect with us

Africa & Middle East

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုမစ်ရှင်တွင် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်မှုအတွက် ချီးကျူးခံရ

ကင်ရှာဆာ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ပုံစာ- ၂၆ ကြိမ်မြောက် ကွန်ဂိုနိုင်ငံဆိုင်ရာ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် အင်ဂျင်နီယာအဖွဲ့က South Kivu ပြည်နယ် Kalehe နယ်မြေတွင် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- The engineering contingent of the 26th batch of Chinese peacekeeping mission to the DRC/Handout via Xinhua)

ပုံစာ- ၂၆ ကြိမ်မြောက် ကွန်ဂိုနိုင်ငံဆိုင်ရာ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် အင်ဂျင်နီယာအဖွဲ့က South Kivu ပြည်နယ် Kalehe နယ်မြေတွင် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- The engineering contingent of the 26th batch of Chinese peacekeeping mission to the DRC/Handout via Xinhua)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုမစ်ရှင် ထမ်းဆောင်နေသော တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုကို ယင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Bintou Keita က ဇူလိုင် ၁၈ ရက်၌ ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။

မေလက မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရကာ လူသေဆုံးမှုများဖြစ်ပွားခဲ့သော South Kivu ပြည်နယ်၊ Kalehe နယ်မြေရှိ လူဇီရာမြစ်တွင် ယာယီမြစ်ကူးတံတား ဖွင့်လှစ်ခြင်းအခမ်းအနား၌ Bintou Keita က ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ဆောင်ရေးနှင့် ဒေသခံပြည်သူများ သွားလာရေးအတွက် မရှိမဖြစ်လိုအပ်သော ထိုတံတားကို ကွန်ဂိုနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေး ကုလသမဂ္ဂမစ်ရှင် (MONUSCO) ၏ ညွှန်ကြားချက်အရ ၂၆ ကြိမ်မြောက် တရုတ်တပ်ဖွဲ့ အင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………

(English Version)

Chinese peacekeepers commended for unity in UN humanitarian mission
KINSHASA, July 19 (Xinhua) — Bintou Keita, special representative of the United Nations Secretary-General in the Democratic Republic of the Congo (DRC), on Tuesday praised the unity shown by Chinese peacekeepers in carrying out a humanitarian mission in the eastern part of the country.

She made these remarks at the inauguration ceremony of a temporary bridge spanning the Luzira River in the Kalehe territory of the South Kivu province, an area stricken by heavy rains and flooding in May, which caused serious casualties.

The bridge, essential to the delivery of humanitarian aid and the movement of the local population, was built by the engineers of the 26th Chinese contingent, under the order of the United Nations Organization Stabilization Mission in the DR Congo (MONUSCO).

While congratulating the achievements of this humanitarian mission, Keita, also head of MONUSCO, praised in particular, the unity shown by the Chinese blue helmets.
Photo 1: Bintou Keita, special representative of the United Nations Secretary-General in the Democratic Republic of the Congo (DRC) and head of the United Nations Organization Stabilization Mission in the DR Congo (MONUSCO), communicates with engineers of the engineering contingent of the 26th batch of Chinese peacekeeping mission to the DRC, in the Kalehe territory of the South Kivu province in DRC, July 18, 2023. (The engineering contingent of the 26th batch of Chinese peacekeeping mission to the DRC/Handout via Xinhua)
Photo 2, 3: Chinese peacekeepers of the engineering contingent of the 26th batch of Chinese peacekeeping mission to the Democratic Republic of the Congo (DRC) conduct construction work in the Kalehe territory of the South Kivu province in DRC, July 5, 2023. (The engineering contingent of the 26th batch of Chinese peacekeeping mission to the DRC/Handout via Xinhua)