Connect with us

China

ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများ ပထမဆုံး အာကာသယာဉ်ပြင်ပလုပ်ငန်း ဆောင်ရွက်မှုပြီးစီး

ရှန်ကျိုး-၁၆ အာကာသယာဉ်မှူး ကျူးရန်ကျုက အာကာယာဉ်ပြင်ပလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော တရုတ်နိုင်ငံ၏ အာကာသစခန်းရှိ ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများသည် ဇူလိုင် ၂၀ ရက် ပေကျင်းစံတော်ချိန် ည ၉:၄၀ နာရီ၌ ပထမဆုံး အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်ခြင်း ပြီးစီးခဲ့ကြောင်း တရုတ် လူလိုက်ပါနိုင်သော အာကာသအေဂျင်စီအရ သိရသည်။

ကျင်ဟိုင်ဖုန် (Jing Haipeng) ၊ ကျူးရန်ကျု (Zhu Yangzhu) နှင့် ကွေ့ဟိုင်ချောင်း (Gui Haichao) တို့က အာကာသစခန်း၏ စက်ရုပ်လက်မောင်းတံ အကူအညီဖြင့် လုပ်ငန်းတာဝန်များ ပြီးစီးရန် စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျင်နှင့် ကျူးတို့သည် ဝန့်ထျန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူးသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထိုသို့ အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်ခြင်းများမှာ ၈ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ထျန်းဟဲပင်မမော်ဂျူး အပြင်ဘက်ရှိ မြင်ကွင်းကျယ်ကင်မရာတစ်ခုအတွက် ဖရိန် (frame) ထောက် တပ်ဆင်ခြင်းနှင့် မြှင့်တင်ခြင်း၊ မုန့်ထျန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူးအပြင်ဘက်၌ မြင်ကွင်းကျယ်ကင်မရာ နှစ်ခုမြှင့်တင်ခြင်း အပါအဝင် လုပ်ငန်းတာဝန်များစွာ ပြီးစီးခဲ့ကြောင်း သိရသည်။
ယခုခရီးစဉ်သည် ကျင် အတွက် စတုတ္ထမြောက်အာကာသခရီးစဉ်ဖြစ်သလို အာကာသယာဉ်ပြင်လုပ်ငန်း ဆောင်ရွက်ခြင်းအနေဖြင့်မူ ပထမဆုံးဖြစ်သည်။ ကျူး သည် အာကာသယာဉ်ပြင်လုပ်ငန်း ဆောင်ရွက်ခြင်းများ၌ ပါဝင်လာသော ပထမဆုံး တရုတ် လေကြောင်းအင်ဂျင်နီယာတစ်ဦး ဖြစ်လာခဲ့သည်။

ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများသည် စီစဉ်ထားသည့်အတိုင်း မြောက်မြားစွာသော အာကာသသိပ္ပံ လက်တွေ့စမ်းသပ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Shenzhou-16 crew completes first spacewalk
BEIJING, July 20 (Xinhua) — The Shenzhou-16 crew members on board China’s orbiting space station completed their first spacewalk at 9:40 p.m. (Beijing Time) on Thursday, according to the China Manned Space Agency.
Jing Haipeng, Zhu Yangzhu and Gui Haichao collaborated to pull off all set tasks with the assistance of the space station’s robotic arm. Jing and Zhu have since returned to the Wentian lab module safely.
During the extravehicular activities lasting about eight hours, they completed several tasks, including the installation and lifting of the support frame for a panoramic camera outside the Tianhe core module, and unlocking and lifting of two panoramic cameras outside the Mengtian lab module.
This was the first time for Jing, who is on his fourth spaceflight, to perform a spacewalk. Zhu has become China’s first flight engineer to take part in extravehicular activities.
The Shenzhou-16 crew, as planned, will carry out a large number of space science experiments.
Photo 1: This screen image captured at Beijing Aerospace Control Center on July 20, 2023 shows Shenzhou-16 astronaut Zhu Yangzhu performing extravehicular activities. (Xinhua/Guo Zhongzheng)