Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် သတ္တမအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ အနာဂတ် ဝန်ကြီးချုပ်လောင်း အဖြစ် သတ်မှတ်ရွေးကောက်ခံမည့် Hun Manet က လူထုတွေ့ဆုံ ပွဲကြီးအတွင်း ထောက်ခံသူများအား လက်ဝှေ့ယမ်းနှုတ်ဆက်နေမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒယ်လ်၊ ကမ္ဘောဒီးယား၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ သတ္တမအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်၌ စတင်ကျင်းပခဲ့ပြီး၊ စုစုပေါင်းနိုင်ငံရေးပါတီ ၁၈ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မတီ (NEC) ပြောခွင့်ရပုဂ္ဂိုလ် ၏ ပြောကြားချက်အရ သိရသည်။ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ ၉.၇ သန်းကျော်က အောက်လွှတ်တော်အမတ် ၁၂၅ နေရာအတွက် လွှတ်တော်အမတ်များကို မဲပေးရွေးခြယ်တင်မြှောက်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ မဲရုံပေါင်း ၂၃,၇၈၉ မှာ ဒေသစံတော်ချိန် နံနက် ၇ နာရီမှာစတင်မဲပေးနိုင်ပြီး ညနေ ၃ နာရီမှာ မဲရုံပိတ်မှာ ဖြစ်ပါတယ်။”ဟု NEC ၏ အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ Dim Sovannarom ကဆင်ဟွာသို့ပြောသည်။

လွှတ်တော်ရွေးကောက်ပွဲ အကြိုရလဒ်များအား ဇူလိုင် ၂၃ ရက် ညနေပိုင်း နှင့် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာနိုင်ဖွယ်ရှိပြီး တရားဝင်ရလဒ်များအား ဩဂုတ် ၉ ရက်၌ ထုတ်ပြန်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် အပြိုင်အဆိုင် တက်ကြွလျက်ရှိသော ပါတီများမှာ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ချိုဟွန်ဆန် ဦးဆောင်သော အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) နှင့် တော်ဝင်မင်းသား Norodom Chakravuth ဦးဆောင်သော Funcinpec ပါတီတို့ ဖြစ်ကြသည်။ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) က အောက်လွှတ်တော် နေရာ ၁၂၅ ခု လုံးတွင် အနိုင်ရရှိခဲ့သည်။ (Xinhua)
———————————

Cambodia’s 7th general election kicks off
KANDAL, Cambodia, July 23 (Xinhua) — The seventh general election kicked off in Cambodia on Sunday with a total of 18 political parties taking part in the race, a National Election Committee (NEC) spokesman said.
More than 9.7 million eligible voters are expected to cast their ballots in the election, which is held once every five years to elect the members of parliament for the 125-seat National Assembly.
“Polling began at 7:00 a.m. local time at all 23,789 polling stations across the country and is due to close at 3:00 p.m.,” NEC member and spokesman Dim Sovannarom told Xinhua.
The preliminary results are expected to be announced on Sunday evening and Monday morning, as the official ones will be released on Aug. 9.
Active parties in the race are the ruling Cambodian People’s Party (CPP) led by Prime Minister Samdech Techo Hun Sen and the Funcinpec Party, headed by Prince Norodom Chakravuth.
In the last general election held in 2018, the CPP won all 125 seats in the National Assembly. Enditem
Hun Manet, the future Prime Minister candidate for the Cambodian People’s Party (CPP), waves to supporters during a massive rally in Phnom Penh, Cambodia on July 21, 2023.(Photo by Phearum/Xinhua)