Connect with us

Videos

တရုတ်နိုင်ငံ ချိန်တူးမြို့ရှိ Chengdu Universiade Village ၌ အလိုအလျောက်မောင်းနှင်ပြေးဆွဲသည့် ဘတ်စ်ကားများကို ထုတ်ဖော်မိတ်ဆက်

ချိန်တူး ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချိန်တူးမြို့ရှိ FISU World University Games Village ၌ မောင်းသူမဲ့ဘတ်စ်ကား အမျိုးအစား နှစ်မျိုးကို ထုတ်ဖော်မိတ်ဆက်ခဲ့ကြောင်း သိရသည်။နောက်ဆုံးပေါ်နည်းပညာများ တပ်ဆင်အသုံးပြုထားသည့် ယင်းဘတ်စ်ကားများကို ရှုပ်ထွေးသော ယာဉ်အသွားအလာ အခြေအနေများတွင် ဘေးကင်းလုံခြုံပြီး ထိရောက်စွာ မောင်းနှင်နိုင်စွမ်း ရှိစေရန် ဒီဇိုင်းရေးဆွဲထားကြောင်း သိရသည်။ယင်းဘတ်စ်ကားများ၏ မောင်းနှင်သည့် အမြန်နှုန်းအား village အတွင်း၌ တစ်နာရီလျှင် ကီလိုမီတာ ၂၀ သတ်မှတ်ထားမည် ဖြစ်ပြီး ဘတ်စ်ကားတစ်စီးလျှင် ခရီးသည် ၁၀ ဦးခန့် သယ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ၃၁ ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ်နွေရာသီအားကစားပွဲတော်အား ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
Autonomous buses unveiled at Chengdu Universiade Village
Two types of driverless buses have been unveiled at the FISU World University Games Village in Chengdu, China.
Equipped with cutting-edge technologies, these buses are designed to be able to safely and efficiently handle complex traffic conditions.
Their driving speed will be limited to 20 km/h in the village, and each of them can carry around 10 passengers.
The 31st Summer World University Games will be held from July 28 to August 8 in Chengdu.
Xinhua News Agency correspondents reporting from Chengdu, China.(XHTV)