Connect with us

Asia

ရှီက ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဟွန်ဆန်ထံ ရွေးကောက်ပွဲအနိုင်ရရှိသည့်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်တို့ ပေကျင်းမြို့တော် တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံ၏ သတ္တမအကြိမ်မြောက် ရွေးကောက်ပွဲ၌ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) အနိုင်ရရှိသည့်အတွက် ယင်းပါတီဥက္ကဋ္ဌ ဆမ်ဒတ် တက်ခ်ချို ဟွန်ဆန်ထံ ဇူလိုင် ၂၅ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ဟွန်ဆန်ဦးဆောင်သည့် တော်ဝင်အစိုးရ၏ မှန်ကန်သော ခေါင်းဆောင်မှုအောက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်မှုများ ရရှိခဲ့သည်ကို မြင်တွေ့ရကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာနှင့် ဒေသတွင်း ရပ်တည်သည့်အနေအထားကလည်း စဉ်ဆက်မပြတ် တိုးတက်လျက်ရှိကြောင်း ရှီက ဆိုသည်။

ဟွန်ဆန်၏ ခိုင်မာသောဦးဆောင်မှုအောက်တွင် CPP သည် နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုနှင့် ပြည်သူများ၏ ပေျာ်ရွှင်ချမ်းမြေ့မှုများအပြင် ဒေသတွင်း တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝပြည့်စုံမှုအား ကြီးမားသည့် ကူညီပံ့ပိုးမှုအသစ်များ ပေးစွမ်းမည်ဖြစ်ကြောင်း ရှှီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အေးအတူ၊ ပူအမျှ အသိုက်အဝန်းဖြစ်ပြီး CPC အနေဖြင့် CPP နှင့်အတူ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို အလွန်အလေးထားပါကြောင်း ရှီက သဝဏ်လွှာ၌ အလေးထားပြောကြားခဲ့သည်။ (Xinhua)

………………………
(English Version)
Xi extends congratulations to Cambodia’s Hun Sen on election victory
BEIJING, July 25 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Tuesday extended congratulations to Samdech Techo Hun Sen, president of the Cambodian People’s Party (CPP), on the CPP’s victory in Cambodia’s 7th general election.
It is good to see that Cambodia, under the correct leadership of the royal government headed by Hun Sen, has achieved political stability, economic development and better living standards, while the country’s international and regional status has been continuously promoted, said Xi.
He also said that under the strong leadership of Hun Sen, the CPP will make new and greater contributions to national prosperity and people’s happiness as well as peace, stability, development and prosperity of the region.
Xi stressed that China and Cambodia belong to one community with a shared future, and the CPC highly regards its friendly cooperation with the CPP.
Photo: Chinese President Xi Jinping meets with Prime Minister of the Kingdom of Cambodia Hun Sen at the Diaoyutai State Guesthouse in Beijing, capital of China, Feb. 10, 2023. (Xinhua/Huang Jingwen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.