Connect with us

China

ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံက တရုတ်နိုင်ငံကို ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုကောင်းမွန်စွာပေါင်းစည်းရေးအထောက်အကူပြု

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ကျိုးမြို့ရှိ ချင်ကျိုးဆိပ်ကမ်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကော်ယွမ်ဆိပ်ကမ်းသည် နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန် တန်းစီစောင့်ဆိုင်းနေကြသော စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်တန်းများဖြင့် အလုပ်များပြားလျက်ရှိသည်။

၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါ စင်္ကြံသစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးတွဲတည်ဆောက်ထားသော ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း တစ်ခု ဖြစ်သည်။
ထိုစင်္ကြံသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ အဓိကစီမံကိန်းများအနက် တစ်ခုလည်း ဖြစ်သည်။

“ကုန်သွယ်ရေးစင်္ကြံသစ်က ပိုမိုထိရောက်တဲ့နည်းလမ်းတစ်ခုအဖြစ် ပံ့ပိုးပေးထားတာကြောင့် ကမ္ဘာ့ဈေးကွက်ဆီ သွားဖို့ အထောက်အကူပြုပေးပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်မှုကို ကြီးမားစွာ မြှင့်တင်ပေးတယ်” ဟု ချုံချင့်မြို့ အခြေစိုက် ဦးဆောင်မော်တော်ကားထုတ်လုပ်သူ Changan Automobile ကုမ္ပဏီလီမိတက်၊ ထောက်ပံ့သယ်ပို့ဌာန အကြီးတန်းမန်နေဂျာ Wang Di က ပြောကြားခဲ့သည်။
အရှေ့တောင်အာရှဈေးကွက်သို့ ကျယ်ပြန့်စွာတိုးချဲ့ရေးမဟာဗျူဟာအဖြစ် ကုမ္ပဏီက ၂၀၂၄ ခုနှစ်၌ ထိုင်းနိုင်ငံတွင် စက်ရုံသစ်တည်ဆောက်မည်ဖြစ်ကာ နှစ်စဉ် ကားအစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်မည်ဟု မျှော်မှန်းထားသည်။

“၂၀၃၀ ပြည့်နှစ်မှာ ကားအစီးရေ ၁.၂ သန်းနီးပါးအထိ တင်ပို့နိုင်ပြီး ပြည်ပဈေးကွက်က စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ရှိလာဖို့ မျှော်မှန်းထားပါတယ်” ဟု Wang က ဆိုသည်။ (Xinhua)

…………………………
(English Version)
Land-sea trade corridor helps China better integrate with global market
BEIJING, July 26 (Xinhua) — Guoyuan Port in southwest China’s Chongqing is bustling, with rows of new energy vehicles queuing up to be transported overseas via the New International Land-Sea Trade Corridor.
Launched in 2017, the new corridor is a trade and logistics passage that was jointly built by provincial-level regions in western China and ASEAN countries. It is also one of the key projects under the Belt and Road Initiative (BRI), which was initiated by China.
“The new trade corridor has provided us with a more efficient alternative, thus helping us to go global, and has greatly enhanced our competitiveness in the global market,” said Wang Di, senior manager of the logistics department at Changan Automobile Co., Ltd., a leading vehicle manufacturer based in Chongqing.
As part of its strategy for broader expansion in the Southeast Asian market, the company will put a new plant in Thailand into production in 2024, with an expected annual output of 100,000 units. “We anticipate that the overseas market will account for 30 percent of the total by 2030, with the exports reaching 1.2 million units by then,” Wang said.
Photo: This aerial photo taken on Nov. 3, 2022 shows a view of Qinzhou Port in Qinzhou, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)