Connect with us

China

Volkswagen Group က လျှပ်စစ်ကားဈေးကွက်တွင် တရုတ်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ရည်ရွယ်ထား

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ၂၀ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ မော်တော်ကားလုပ်ငန်းပြပွဲတွင် SAIC Volkswagen ID.6 X မော်တော်ကားတစ်စီးကို ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ်၊ ဂျာမနီ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဂျာမနီ ဦးဆောင်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Volkswagen Group က ၎င်းတို့အနေဖြင့် လျှပ်စစ်ကား (EV) ဈေးကွက်ကို အပြည့်အဝအသုံးချနိုင်ရန် တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရန် ရည်ရွယ်ထားကြောင်း ဇူလိုင် ၂၆ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ Volkswagen Anhui MEB (Modular Electric Drive Matrix) စက်ရုံ၏ အလုပ်ရုံ တည်ဆောက်မှုမြင်ကွင်းအား ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကုမ္ပဏီသည် တရုတ်လျှပ်စစ်ကားကုမ္ပဏီဖြစ်သော XPeng တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀၀ တိုးမြှင့်လိုက်ခြင်းဖြင့် ရှယ်ယာ ၄.၉၉ ရာခိုင်နှုန်း ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ယင်းကုမ္ပဏီ၏ Audi အမှတ်တံဆိပ်ကလည်း ၎င်းတို့၏ တရုတ်ဖက်စပ်ကားကုမ္ပဏီ SAIC နှင့် ရှိပြီးသား ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးချဲ့ရန် မဟာဗျူဟာမြောက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

XPeng နှင့် နည်းပညာဆိုင်ရာ မူဘောင်ဘောင်သဘောတူညီချက်အရ တရုတ်နိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း Volkswagen အမှတ်တံဆိပ် အလယ်အလတ်အရွယ်အစား လျှပ်စစ်မော်တော်ကားမော်ဒယ် နှစ်မျိုး ထွက်ရှိလာမည်ဖြစ်သည်။ (Xinhua)

………………………………
Volkswagen Group to strengthen cooperation with Chinese partners on EV market
FRANKFURT, Germany, July 26 (Xinhua) — The Volkswagen Group, Germany’s leading carmaker, said on Wednesday that it aims to strengthen cooperation with local Chinese partners to exploit the booming electric vehicle (EV) market.
The company is acquiring a 4.99 percent stake in the Chinese electric vehicle startup XPeng by way of a capital increase worth around 700 million U.S. dollars. Simultaneously, the group’s Audi brand has signed a strategic memorandum with its Chinese joint venture partner SAIC to further expand their existing cooperation.
According to a technological framework agreement with XPeng, two Volkswagen-branded electric models for the mid-sized segment will be rolled out in 2026 in China.
Photo 1: A SAIC Volkswagen ID.6 X is displayed at the 20th Shanghai International Automobile Industry Exhibition in east China’s Shanghai, April 24, 2023.(Xinhua/Fang Zhe)
Photo 2: This photo taken on July 4, 2022 shows a workshop of the Volkswagen Anhui MEB (Modular Electric Drive Matrix) plant under construction in east China’s Anhui Province. (Xinhua)