Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူအရေအတွက် ၂၆ ဦးအထိရှိလာ

ဖိလစ်ပိုင်နိုင်ငံ ရီဇယ်ပြည်နယ်တွင် လှေနစ်မြုပ်မှုမှ ခရီးသည်များကို ကယ်ဆယ်ရန် ကြိုးပမ်းနေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Philippine Coast Guard/Handout via Xinhua)

မနီလာ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ရီဇယ်ပြည်နယ်ရှိ Laguna de Bay ရေကန်ကြီးတွင် ဇူလိုင် ၂၇ ရက်က ခရီးသည်အလွန်အကျွံတင်ဆောင်ထားသော လှေတစ်စီး နစ်မြုပ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ရီဇယ်ပြည်နယ်တွင် လှေနစ်မြုပ်မှုမှ ခရီးသည်များကို ကယ်ဆယ်ရန် ကြိုးပမ်းနေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Philippine Coast Guard/Handout via Xinhua)

အများဆုံး လူ ၄၂ ဦးသာ တင်ဆောင်နိုင်သော အဆိုပါ လှေသည် လူဦးရေ ၇၀ ကိုတင်ဆောင်ခဲ့ကြောင်း၊ ခရီးသည်များမှာ အသက်ကယ်အင်္ကျီဝတ်ဆင်ထားခြင်းမရှိကြောင်း PCG ဆိုသည်။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်နေကြောင်း PCG က ပြောခဲ့သည်။

အခင်းဖြစ်ပွားစဉ်က အဆိုပါလှေသည် Binangonan မြို့မှ ဖိလစ်နိုင်ငံရှိ အကြီးဆုံးရေကန်ဖြစ်သော Talim ကျွန်းသို့ သွားရောက်နေခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း Doksuri ဝင်ရောက်တိုက်ခတ်ကာ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းကြောင့် ထိုသို့လှေမတော်တဆမှုဖြစ်ပွားရကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါလှေမှာ Binangonan မြို့မှ ၄၅ မီတာအကွာအဝေးသို့ လွင့်သွားခဲ့ကြောင်း PCG က ပြောခဲ့သည်။
လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းချိန်တွင် ခရီးသည်များက လှေ၏တစ်ဖက်သို့ ချက်ချင်းရွှေ့ပြောင်းသွားခဲ့ရာ လှေမှာတစ်ဖက်စောင်းဖြစ်သွားခဲ့ပြီး ခရီးသည်အမြောက်အမြား လှေအောက်၌ ပိတ်မိသွားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာနှင့် တွေ့ဆုံဖြေကြားခဲ့သည့် အသက်ရှင်လွတ်မြောက်လာသူများက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Death toll from passenger boat accident in Philippines rises to 26
MANILA, July 28 (Xinhua) — The death toll in the overcrowded passenger boat that capsized on Laguna de Bay off Rizal province on Thursday has climbed to 26, the Philippine Coast Guard (PCG) said on Friday.
The PCG said the boat, which has a maximum capacity of 42, was carrying up to 70 people. The passengers were not wearing a life vest.
Search and retrieval operations continued on Friday morning, said the PCG.
The boat was traveling to Talim island in Laguna de Bay, the largest lake in the Philippines, from Binangonan town when the accident happened.
The accident occurred while Typhoon Doksuri was blowing away from the Philippines, triggering floods and landslides.
The PCG said strong winds buffeted the motorboat approximately 45 meters away from Binangonan town.
Survivors interviewed by local media said the passengers rushed to one side of the boat when the wind and rain poured, causing the boat to tilt on one side, trapping many passengers under the boat.
Photo 1,2: People try to rescue passengers from the capsized boat in Rizal Province, the Philippines on July 27, 2023. (Philippine Coast Guard/Handout via Xinhua)