Connect with us

China

ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ပထမဆုံးကျင်းပသော နိုင်ငံတကာ အားကစားပွဲတော်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် ၃၁ ကြိမ်မြောက် FISU ကမ္ဘာ့တက္ကသိုလ် အားကစားပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း ပရိသတ်များကို လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုးကြားတက်ကြွမှုအရှိဆုံးမြို့များအနက် တစ်မြို့ဖြစ်သော ချိန်တူးမြို့သည် လူငယ်လူရွယ်များ၏ တောက်ပသောမီးလျှံများဖြင့် ထွန်းလင်းတောက်ပြောင်နေပြီး ယင်းမြို့ရှိ တုန်းအန်းရေကန် အားကစားဥယျာဉ်တွင် ၃၁ ကြိမ်မြောက် FISU ကမ္ဘာ့တက္ကသိုလ် အားကစားပွဲကို ဇူလိုင် ၂၈ ရက် ညပိုင်းက တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို၊ မော်ရီတေးနီးယားနိုင်ငံ သမ္မတ Mohamed Ould Ghazouani ၊ ဘူရွန်ဒီနိုင်ငံ သမ္မတ Evariste Ndayishimiye ၊ ဂိုင်ယာနာနိုင်ငံ သမ္မတ Irfaan Ali ၊ ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Irakli Garibashvili အပါအဝင် နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံတကာ ဂုဏ်သရေရှိဧည့်သည်တော်များနှင့် ပရိသတ် ၄၀,၀၀၀ ခန့် ရှေ့မှောက်တွင် အားကစားပွဲ ဖွင့်လှစ်ကြောင်း ပေကျင်းစံတော်ချိန် ည ၉:၁၅ နာရီ၌ ကြေညာခဲ့သည်။

အဆိုပါ အားကစားပွဲသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနောက် တရုတ်နိုင်ငံက ကျင်းပသည့် ပထမဆုံး နိုင်ငံတကာ အားကစားပွဲတော်လည်းဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြို့တော် ချိန်တူးသည် နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသော နွေရာသီအားကစားပွဲတော်အား လက်ခံကျင်းပသည့် တရုတ်ပြည်မကြီးရှိ တတိယမြောက်မြို့လည်းဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံအတွက် ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲကြီး ကျင်းပရေးခရီးမှာ စိန်ခေါ်မှုများမရှိသည်တော့ မဟုတ်ပေ။ ကပ်ရောဂါကြောင့် အားကစားပွဲပြင်ဆင်ရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများပြားခဲ့ပြီး ချိန်တူး အားကစားပွဲကျင်းပရန် နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည်။
သို့သော်ငြားလည်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက အရာအားလုံးအဆင်သင့်ဖြစ်စေရန် စီမံဆောင်ရွက်ခဲ့ရာ လက်ခံကျင်းပမည့် ချိန်တူးမြို့တွင် အားကစားပွဲကျင်းပမည့်နေရာနှင့် အဆောက်အအုံ ၄၉ ခု တည်ဆောက်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းနှင့် တိုးချဲ့ခြင်း စသည့်လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။
ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၈ ရက်အထိ ကျင်းပမည့် အားကစားပွဲကြီးအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၁၁၃ ခု တက္ကသိုလ်ကျောင်းသား/ကျောင်းသူ ၆,၅၀၀ တို့က အားကစားနည်း ၁၈ မျိုးကို ပြိုင်ပွဲ ၂၆၉ ပွဲဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ချိန်တူးမြို့သည် တရုတ်နိုင်ငံ၏ နိုင်ငံ့ရတနာဖြစ်သော ပန်ဒါကြီးများ၏ နေရပ်အဖြစ်လည်း လူသိများပြီး ရုန်ပေါင် (Rongbao) ဟု အမည်ပေးထားသော ချစ်စဖွယ်ပန်ဒါလေးကလည်း ကမ္ဘာ့တက္ကသိုလ်အားကစားပွဲတော်အတွက် လာဘ်ကောင်အဖြစ် ပါဝင်လျက်ရှိသည်။
ထို့ပြင် အရုပ်များ၊ အမှတ်သင်္ကေတများနှင့် တံဆိပ်ခေါင်းများ အပါအဝင် လိုင်စင်ဖြင့်ထုတ်လုပ်ထားသော ကုန်ပစ္စည်း ၁,၀၀၀ ကျော်ရှိသည့်အနက် ရုန်ပေါင် အရုပ်ပုံစံက ပြည်တွင်း၊ ပြည်ပမှ ပရိသတ်များ၏ အားပေးမှုအများဆုံး ရရှိသော ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

………………………………
(English Version)
China stages first int’l multi-sport gala after pandemic
CHENGDU, July 28 (Xinhua) — Chengdu, one of the most vibrant cities in China, is basking in the flame of youth, as the 31st FISU World University Games officially opened Friday evening here in the Dong’an Lake Sports Park.
At 9:15 p.m. Beijing time, Chinese President Xi Jinping declared the Games open, in front of a crowd of around 40,000 and a host of state leaders and international dignitaries, including President Joko Widodo of Indonesia, President Mohamed Ould Cheikh Ghazouani of Mauritania, President Evariste Ndayishimiye of Burundi, President Irfaan Ali of Guyana and Prime Minister Irakli Garibashvili of Georgia.
The Universiade is the first international multi-sport event staged by China after the COVID-19 pandemic, and the capital of southwest Sichuan Province has also become the third city from the Chinese mainland to host the biennial summer universiade.
China’s path to embrace the global sporting gala wasn’t without challenges. The Chengdu Universiade has been postponed twice, with the pandemic posing substantial challenges to its preparatory work.
Nevertheless, the organizers managed to get everything ready for the Games, and the host city has completed the construction, renovation, and expansion of 49 venues and facilities.
A total of 6,500 student-athletes from 113 countries and regions are competing in 269 events across 18 sports during the Universiade, which runs from July 28 to August 8.
Chengdu is known as the hometown of giant pandas, China’s national treasure, and the loveable panda named Rongbao takes on the role of the mascot for the Universiade.
The doll version of Rongbao has become a sought-after item for people from home and abroad, among an array of over 1,000 licensed products including toys, badges and stamps.
Photo 1: Chinese President Xi Jinping waves to the audience during the opening ceremony of the 31st FISU World University Games in Chengdu, southwest China’s Sichuan Province, July 28, 2023. (Xinhua/Ju Peng)