Connect with us

China

တရုတ်နိုင်ငံက ကျည်ဆန်ရထား ထုတ်လုပ်မှုတွင် တိုးတက်မှုများ ရရှိခဲ့

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လားဆတွင် “Fuxing”အမြန်ရထားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပို၍ မြန်ဆန်သည့် မြန်နှုန်းမြင့်ရထား၏ စွမ်းဆောင်ရည်စစ်ဆေးစမ်းသပ်မှုများကို စတင်လိုက်ပြီ ဖြစ်ကြောင်း တရုတ်မီးရထားအော်ပရေတာက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါစမ်းသပ်မှုများကို ဖူကျန့်ပြည်နယ်တွင် ဇွန် ၂၈ ရက်နှင့် ၂၉ ရက်များက ပြုလုပ်ခဲ့ရာ CR450 ကျည်ဆံရထား သုတေသနပြုထုတ်လုပ်မှုတွင် ကနဦး အောင်မြင်မှုများ ရရှိခဲ့ကြောင်း China State Railway Group Co., Ltdက ပြောကြားခဲ့သည်။

ဇွန် ၂၈ ရက်က စမ်းသပ်မှုတွင် ကျည်ဆန်ရထား၏ မြန်နှုန်းမှာ တစ်နာရီလျှင် ၄၅၃ ကီလိုမီတာ ရှိသည်ဟု မီးရထား အော်ပရေတာက ဆိုသည်။
တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း(၂၀၂၁-၂၀၂၅)
တွင် CR450 နည်းပညာ ဆန်းသစ်ဖန်တီးမှု စီမံကိန်းအကြောင်း ဖော်ပြထားသည်ဟု ရထားအော်ပရေတာက ဆိုသည်။

CR450 ကျည်ဆန်ရထားသည် Fuxing မော်ဒယ်သစ် ရထားအမျိုးအစား ဖြစ်ပြီး ပိုမို လုံခြုံမှု၊ သဘာဝပတ်ဝန်းကျင်ကာကွယ်မှု၊ ပို၍ စမတ်ဖြစ်မှုနှင့် စွမ်းအင်ထိရောက်မှုများ ရှိသည်။ (Xinhua)

……………………………
(English Version)
China makes progress in bullet train development
BEIJING, July 3 (Xinhua) — China has launched performance verification tests on an even faster high-speed train, the country’s railway operator said Saturday.
The tests were made on June 28 and 29 separately in east China’s Fujian Province, marking that developing the CR450 bullet train has achieved initial results, according to the China State Railway Group Co., Ltd.
During the June 28 test, the bullet train operated at a speed of 453 km per hour, said the railway operator.
The CR450 technological innovation project is outlined in China’s 14th Five-Year Plan (2021-2025), an official with the railway operator said.
The CR450 bullet train is a new Fuxing model that is safer, greener, and smarter, with higher energy efficiency. ■
A “Fuxing” high-speed train is seen at a preparedness center in Lhasa, capital of southwest China’s Tibet Autonomous Region, Jan. 11, 2023.