Connect with us

Asia

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ဇူလိုင် ၃၀ ရက်က ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၄ ဦးအထိ မြင့်တက်လာ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Bajaur ခရိုင်ရှိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်တစ်စီး ရောက်ရှိလာသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Bajur ခရိုင်တွင် ဇူလိုင် ၃၀ ရက်က ပြုလုပ်သော နိုင်ငံရေးစုဝေးပွဲတစ်ခု၌ အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၄၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီးက ဇူလိုင် ၃၁ ရက်တွင်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Bajaur ခရိုင်ရှိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်တစ်စီး ရောက်ရှိလာသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ဒဏ်ရာရသူ ကိုးဦးအား ဆေးရုံအသီးသီးတွင် ကုသမှုခံယူစဉ် ရရှိသောဒဏ်ရာကြောင့် ညတွင်းချင်း သေဆုံးခဲ့သည့်အတွက် သေဆုံးသူဦးရေ တိုးလာခြင်းဖြစ်ကြောင်း Riaz Anwar မှ ဒေသခံမီဒီယာသို့ ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၁၀၀ ကျော်မှာ ဆေးရုံများတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
ဒဏ်ရာရရှိသူများအနက် ၁၀ ဦးထက်မနည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသောကြောင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ဒဏ်ရာအခြေအနေစိုးရိမ်ရသော လူနာအားလုံးကို ပြည်နယ်မြို့တော် Peshawar သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း Anwar က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Death toll of Sunday’s blast in NW Pakistan rises to 44
ISLAMABAD, July 31 (Xinhua) — The death toll of a suicide blast that hit a political gathering in the Bajaur district of Pakistan’s northwest Khyber Pakhtunkhwa province on Sunday rose to 44, the health minister of the province said on Monday.
Riaz Anwar told local media that the death toll increased after nine injured people succumbed to injuries overnight during treatment in different hospitals.
The minister said more than 200 people sustained injuries in the bomb blast and over 100 of them are still under treatment in hospitals.
Anwar feared that the death toll might further rise as at least 10 of the wounded are in critical condition, adding that all the critical patients had been airlifted to the provincial capital of Peshawar. Enditem
(1) (2) This photo taken with a mobile phone shows an ambulance arriving at the blast site in Pakistan’s northwest Bajaur district on July 30, 2023. (Str/Xinhua)