Connect with us

China

၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီအားကစားပွဲတော် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တရုတ်နိုင်ငံ ဟာအယ်ပင်းမြို့ကို ရွေးချယ်

ဂျပန်နိုင်ငံ မြောက်ပိုင်း ဆပ်ပေါ်ရိုမြို့တွင် ကျင်းပသော အာရှ ဆောင်းရာသီအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံ ကိုယ်စားပြုအသင်းချီတက်လာသည်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းကို ၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီအားကစားပွဲတော် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အာရှ အိုလံပစ်ကောင်စီ (OCA) က ဇူလိုင် ၈ ရက်၌ ရွေးချယ်လိုက်ကြောင်း သိရသည်။

OCA က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၄၂ ကြိမ်မြောက် ကွန်ဂရက်တွင် အဆိုပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်သည် ဟာအယ်ပင်းမြို့အနေဖြင့် ၁၉၉၆ ခုနှစ်ပြီးနောက် အာရှ ဆောင်းရာသီအားကစားပွဲတော်ကို ဒုတိယအကြိမ်မြောက် လက်ခံကျင်းပမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်က ပေကျင်းမြို့က ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို အောင်မြင်စွာ လက်ခံကျင်းပခဲ့ပြီးနောက် ဟာအယ်ပင်းမြို့က ယခုအားကစားပွဲတော် ကျင်းပရန် ရွေးချယ်ခံရခြင်းဖြစ်သည်။

နောက်ဆုံးအကြိမ်ကျင်းပခဲ့သော အာရှဆောင်းရာသီအားကစားပွဲတော်ကို ၂၀၁၇ ခုနှစ်က ဂျပန်နိုင်ငံ ဆပ်ပိုရိုမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Harbin of China selected to host 2025 Asian Winter Games
BANGKOK, July 8 (Xinhua) — Harbin, capital of northeast China’s Heilongjiang Province, was chosen by the Olympic Council of Asia (OCA) to host the 2025 Asian Winter Games on Saturday.
The OCA made the decision at its 42nd Congress held in Bangkok, Thailand.
It will be the second time for Harbin to host the Asian Winter Games after the first one in 1996.
Harbin’s successful bid also came after Beijing successfully hosted the Winter Olympic Games in 2022.
Japan’s Sapporo and Obihiro held the last Asian Winter Games in 2017.
Photo: The delegation of China march in during the opening ceremony of the Asian Winter Games in Sapporo, northern Japan, Feb. 19, 2017. (Xinhua/Yang Shiyao)