Connect with us

Asia

သီရိလင်္ကာနိုင်ငံက ကြွေးမြီများပြန်လည်ပြင်ဆင်မှုပြီးစီးပြီးနောက် RCEP တွင် ပါဝင်ရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် FTA များ လက်မှတ်ရေးထိုးရန်ရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသော Ranil Wickremesinghe အား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Sri Lankan President's Office/Handout via Xinhua)

ကိုလံဘို၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံသည် ကြွေးမြီများ ပြန်လည်ပြင်ဆင်မှုပြီးစီးပြီးနောက် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP) တွင် ပါဝင်မည်ဖြစ်ကာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များ (FTA) လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သမ္မတ၏ မီဒီယာဌာန (PMD) က ဩဂုတ် ၁၀ ရက်၌ ကြေညာခဲ့သည်။

ကိုလံဘိုမြို့တွင် ပြုလုပ်သော အာဆီယံနေ့အခမ်းအနား၌ ပါဝင်ခဲ့သော သမ္မတ Ranil Wickremesinghe က ၎င်းအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံ မျှော်မှန်းချက်ကို ထောက်ခံကြောင်း PMD က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံအနေဖြင့် လာမည့်နှစ်များအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ် ဆောင်ရွက်သွားမည်ဟု Wickremesinghe က ဆိုသည်။

သီရိလင်္ကာနိုင်ငံသည် စင်ကာပူနိုင်ငံနှင့် FTA ရေးထိုးထားပြီးဖြစ်ကြောင်းနှင့် လာမည့်နှစ်အတွင်း ထိုင်းနိုင်ငံနှင့်လည်း လက်မှတ်ရေးထိုးရန် ဆွေးနွေးလျက်ရှိကြောင်း သမ္မတက ပြောခဲ့သည်။
သီရိလင်္ကာနိုင်ငံအနေဖြင့် ကြွေးမြီပြဿနာ ပြန်လည်ပြင်ဆင်မှုပြီးစီးပြီးနောက် သမိုင်းတွင် အကြီးဆုံး ကုန်သွယ်မှုနိုင်ငံများအဖွဲ့ဖြစ်သော RCEP သို့ ပါဝင်သည့် ပထမဆုံး တောင်အာရှနိုင်ငံဖြစ်လိုကြောင်း Wickremesinghe က ပြောကြားခဲ့သည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့်လည်း ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ (Xinhua)

………………………………
(English Version)
Sri Lanka to join RCEP, signs FTAs with ASEAN countries once debt restructuring completed
COLOMBO, Aug. 10 (Xinhua) — Sri Lanka will join the Regional Comprehensive Economic Partnership Agreement (RCEP) and enter Free Trade Agreements (FTA) with Association of Southeast Asian Nations (ASEAN) countries after debt restructuring is complete, the President’s Media Division (PMD) announced on Thursday.
The PMD said in a press release that President Ranil Wickremesinghe, who took part in events to celebrate the ASEAN Day in Colombo, expressed his support for ASEAN’s vision for the Indo-Pacific region.
Wickremesinghe said that Sri Lanka will work closely with the ASEAN nations in the coming years.
Sri Lanka has an FTA with Singapore and is holding discussions to sign one with Thailand next year, the president said.
Wickremesinghe said Sri Lanka wants to become the first South Asian country to join RCEP, which is the largest trade bloc in history, following the completion of debt restructuring.
Sri Lanka also plans to sign trade agreements with India and Bangladesh, he said.
Photo: Ranil Wickremesinghe (front) attends a swearing-in ceremony in the parliament in Colombo, Sri Lanka, July 21, 2022.(Sri Lankan President’s Office/Handout via Xinhua)