Connect with us

China

တရုတ်နိုင်ငံက စီးပွားဖြစ် ဒုံးပျံ CERES-1 Y7 ဖြင့် ဂြိုဟ်တု ၇ စင်း လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ Xiguang-1 01 ဂြိုဟ်တု အပါအဝင် ဂြိုဟ်တု ၇ စင်း တင်ဆောင်ထားသည့် CERES-1 Y7 သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကျိုချွမ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y7 သယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုဟ်တု ၇ စင်းကို သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိအောင် ဩဂုတ် ၁၀ ရက်တွင် လွှတ်တင်ခဲ့သည်။

Xiguang-1 01 ဂြိုဟ်တု အပါအဝင် ဂြိုဟ်တု ၇ စင်း တင်ဆောင်ထားသည့် အဆိုပါ စီးပွားဖြစ် ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံကို ပေကျင်းစံတော်ချိန် နေ့လယ် ၁၂ နာရီ ၀၃ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

ယခုအကြိမ်လွှတ်တင်မှုသည် CERES-1 စီးရီး ဒုံးပျံများ၏ ၇ ကြိမ်မြောက် မစ်ရှင် ဖြစ်သည်။ (Xinhua)

………………………………
(English Version)
China’s commercial CERES-1 Y7 rocket launches 7 satellites
JIUQUAN, Aug. 10 (Xinhua) — China on Thursday launched the CERES-1 Y7 carrier rocket from the Jiuquan Satellite Launch Center in northwest China, sending seven satellites into planned orbit.
The commercial rocket blasted off at 12:03 p.m. (Beijing Time) from the launch site, carrying seven satellites, including the Xiguang-1 01 satellite.
The launch was the 7th flight mission using the CERES-1 rocket series. Enditem
1. The CERES-1 Y7 carrier rocket carrying seven satellites, including the Xiguang-1 01 satellite, blasts off from the Jiuquan Satellite Launch Center in northwest China, Aug. 10, 2023. (Photo by Wang Jiangbo/Xinhua)