Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၀၀ နီးပါးရှိလာပြီး ရောဂါဖြစ်ပွားမှု ၈၅,၀၀၀ ကျော်အထိရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေးဆောင်ရွက်မှုအနေဖြင့် ခြင်ဆေးဖျန်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအရေအတွက် ၁၁ ဦး ထပ်မံအတည်ပြုနိုင်ခဲ့ရာ ယခုနှစ် စုစုပေါင်း သေဆုံးသူအရေအတွက် ၃၉၈ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း အထွေထွေကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန (DGHS) အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေးဆောင်ရွက်မှုအနေဖြင့် ခြင်ဆေးဖျန်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဩဂုတ် ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ၂၄ နာရီအတွင်း နေ့စဉ်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂,၉၀၅ ဦးရှိခဲ့ရာ ဇန်နဝါရီလမှစ၍ အတည်ပြုလူနာ ၈၅,၄၁၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ DGHS မှ အချက်အလက်များ၌ ဖော်ပြထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသောလူနာ ၂,၉၉၁ ဦးရှိခဲ့ရာ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၇၅,၂၈၀ ဦးရှိပြီဖြစ်ကြောင်း DGHS အချက်အလက်အရ သိရသည်။

ယခုနှစ်အတွင်း သေဆုံးသူအရေအတွက်အနေဖြင့် ဩဂုတ်လတွင် ၁၄၇ ဦး၊ ဇူလိုင်လတွင် ၂၀၄ ဦးနှင့် ဇွန်လတွင် ၃၄ ဦးရှိကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Bangladesh’s dengue death toll nears 400, cases surpass 85,000
DHAKA, Aug. 14 (Xinhua) — Eleven more dengue deaths were confirmed in a 24-hour period in Bangladesh, bringing the total number of fatalities in the country so far this year to 398, said the Directorate General of Health Services (DGHS).
With the daily rise of 2,905 cases reported in the last 24 hours as of 8:00 local time on Sunday, the number of confirmed dengue cases increased to 85,411 since January, according to the figure of the DGHS under the Ministry of Health.
During the last 24 hours, 2,991 more patients were released from hospitals and clinics, bringing the number of recovered patients in the country to 75,280, the DGHS data showed.
The deaths of this year include 147 in August, 204 in July and 34 in June.
Photo 1, 2: A worker sprays anti-mosquito fog in an effort to contain the spread of dengue in Dhaka, Bangladesh, July 16, 2023. (Xinhua)