Connect with us

China

တရုတ်နိုင်ငံ iFLYTEK ကုမ္ပဏီက AI ဘာသာစကားပုံစံဗားရှင်းသစ် ကြေညာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသော World Artificial Intelligence Conference (WAIC) 2023 အတွင်း iFLYTEK ကုမ္ပဏီမှ "Spark Desk" အကြောင်းလေ့လာနေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဉာဏ်ရည်တု (AI) နှင့် intelligent speech ဦးဆောင်ကုမ္ပဏီ iFLYTEK က AI နည်းပညာသုံး ဘာသာစကားပုံစံ ဗားရှင်းအသစ် Spark Desk 2.0 ကို ဩဂုတ် ၁၅ ရက်က ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှုပုံစံအသစ်သည် coding ရော ဘက်စုံစွမ်းဆောင်နိုင်မှု နှစ်ခုလုံးကို အဓိကအဆင့်မြှင့်တင်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော် ဟဲဖေတွင် ပြုလုပ်သော အခမ်းအနား၌ iFLYTEK ဥက္ကဋ္ဌ လျိုချင့်ဖုန်း (Liu Qingfeng) က ပြောခဲ့သည်။

Spark Desk 2.0 ၏ coding စွမ်းဆောင်နိုင်မှုများသည် code မျိုးဆက်၊ ပြည့်စုံမှု၊ အမှားပြင်ဆင်မှု၊ ဖြေရှင်းမှုနှင့် ယူနစ်မျိုးဆက်စမ်းသပ်မှုအရ အဆင့်မြှင့်တင်ထားပြီးဖြစ်ကြောင်း လျို၏ ပြောကြားချက်အရ သိရသည်။
ဘက်စုံသုံးမော်ဒယ်အဖြစ် Spark Desk 2.0 သည် ရုပ်ပုံများဖတ်နိုင်ခြင်းနှင့် စိစစ်နိုင်ခြင်း၊ ဓာတ်ပုံထုတ်လုပ်နိုင်ခြင်းရှိပြီး ရှေးဟောင်းကဗျာများကို အခြေခံ၍ ရုပ်ပုံများနှင့် ဗီဒီယိုအတိုများ ဖန်တီးနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

AI စနစ်ဖြင့်လည်ပတ်သော အကြောင်းအရာ၊ ဘာသာစကားမျိုးစုံ နားလည်မှု၊ ယုတ္တိရှိစွာဆင်ခြင်နိုင်မှု၊ သင်္ချာနှင့် coding စသည်တို့အပါအဝင် အဓိကစွမ်းဆောင်မှုများဖြင့် Spark Desk ကို iFLYTEK က မေလတွင် ကြေညာခဲ့သည်။ ယင်းမော်ဒယ်ကို ပညာရေး၊ ရုံးလုပ်ငန်းနှင့် မော်တော်ကား၊ ငွေကြေးနှင့် ကျန်းမာရေးလုပ်ငန်း စသည့် နယ်ပယ်အသီးသီး၌ အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Chinese firm iFLYTEK launches new version of AI language model

HEFEI, Aug. 16 (Xinhua) — China’s leading artificial intelligence (AI) and intelligent speech company iFLYTEK on Tuesday launched a new version of its AI-powered large language model, Spark Desk 2.0.
The new model serves as a major upgrade of both coding and multimodal capabilities, said Liu Qingfeng, chairman of iFLYTEK, at a launch event held in Hefei, capital of east China’s Anhui Province.
According to Liu, the model’s coding capabilities have improved in terms of code generation, completion, error correction, explanation and unit testing generation.
As a multimodal model, Spark Desk 2.0 can read and analyze pictures, generate photos, and create pictures and short videos based on ancient poems.
iFLYTEK in May launched Spark Desk with key capabilities including AI-generated content, multi-language understanding, logical reasoning, mathematics and coding. The model has been applied in diverse fields, such as education, office work, and the automobile, financial and medical industries.
Photo: Visitors learn about “Spark Desk” from iFLYTEK during the World Artificial Intelligence Conference (WAIC) 2023 in Shanghai, east China, July 6, 2023. (Xinhua/Fang Zhe)