Connect with us

China

တရုတ်နိုင်ငံ၏ အာကာသလက်တွေ့စမ်းသပ်ခန်း ပုံမှန်လုပ်ငန်းလည်ပတ်မှုစတင်

တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် ထျန်းကျိုး-၆ က ထျန်းကုန်းအာကာသစခန်းပေါင်းစပ်ယာဉ်နှင့် ချိတ်ဆက်မှု သရုပ်ပြဓာတ်ပုံကို ၂၀၂၃ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသလက်တွေ့စမ်းသပ်ခန်းအဖြစ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော ထျန်းကုန်းအာကာသစခန်းသည် အာကာသကြိုးပမ်းဆောင်ရွက်မှုများ ရှေ့ဆက်လုပ်ဆောင်လျက်ရှိသလို အကျိုးကျေးဇူးရှိသော ရလဒ်များလည်း ရရှိနေကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီအရ သိရသည်။

စုစုပေါင်း ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း သုတေသနနှင့် ကြိုးပမ်းဆောင်ရွက်မှု စီမံကိန်း ၁၁၀ ကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၎င်းတို့တွင် အာကာသသက်ရှိသိပ္ပံနှင့် လူ့ခန္ဓာကိုယ် သုတေသန၊ microgravity physics နှင့် အာကာသနည်းပညာသစ်များ ပါဝင်သလို ကမ္ဘာ့ပထမဆုံးဖြစ်သောအရာများစွာကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအေဂျင်စီ၏ လက်ထောက်ညွှန်ကြားရေးမှူး လျင်ရှီးချန်က ဩဂုတ် ၁၈ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် မူလလက်တွေ့စမ်းသပ်မှုအချက်အလက် ၁၀၀ TB နီးပါး ရရှိထားပြီးဖြစ်ကြောင်းနှင့် အာကာသစခန်းတွင် ရက်ပေါင်း ၁၂၀ သက်တမ်းရှိသော စပါးမျိုးစေ့များ အပါအဝင် လက်တွေ့စမ်းသပ်မှုနမူနာ ၃၀၀ နီးပါးကို ကမ္ဘာမြေသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် အာကာသလက်တွေ့စမ်းသပ်ခန်းအတွင်း ရရှိထားသော သုတေသနရလဒ်များစွာက ကမ္ဘာမြေအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သော အာကာသအစီအစဉ်မှတစ်ဆင့် ရရှိခဲ့သော အောင်မြင်မှု အမျိုးအမည် ၄,၀၀၀ ကျော်ကို နိုင်ငံစီးပွားရေးနှင့် ပြည်သူများ၏ လူနေမှုဘဝများ၌ အသုံးပြုခဲ့ကြောင်း လျင်၏ ပြောကြားချက်အရ သိရသည်။
ယခုအခါ အာကာသအတွင်း နေထိုင်စဉ် လေ့လာမှုရလဒ်များကို ဇီဝပစ္စည်းများ၊ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာကုသမှုနှင့် စိုက်ပျိုးရေးနည်းပညာများ၌ အသုံးပြုနေပြီဖြစ်ကြောင်း လျင်က ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် အာကာသမစ်ရှင်အတွင်း အာကာသစိုက်ပျိုးရေးလက်တွေ့စမ်းသပ်မှု ၃,၀၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး အဓိကစားသောက်ကုန် အမျိုးအစား ၂၄၀ ကျော်နှင့် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အပင်နှင့် ပန်း အမျိုးအစားပေါင်း ၄၀၀ ကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ ယင်းပမာဏမှာ နှစ်စဉ် စားနပ်ရိက္ခာထွက်ရှိမှု၌ ကီလိုဂရမ် ၂.၆ ဘီလီယံ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s space lab starts formal operation
BEIJING, Aug. 18 (Xinhua) — China’s orbiting Tiangong space station, which functions as a national space laboratory, has been put into operation, pushing forward space applications and achieving fruitful results, according to the China Manned Space Agency.
A total of 110 in-orbit science research and application projects have been implemented, involving space life science and human body research, microgravity physics, and new space technologies, making multiple world’s firsts, said Lin Xiqiang, the agency’s deputy director, at a press conference on Friday.
Almost 100 TB of original experimental data have been acquired, and nearly 300 experimental samples returned, including the seeds of rice that had undergone a 120-day life cycle in the space station, he added.
Many research results obtained in the space lab have brought benefits to Earth.
According to Lin, over 4,000 items of achievements obtained through China’s manned space program have been used to serve the national economy and people’s livelihood.
Lin added the study results of space life science now apply to biomaterials, medicine, medical treatment, and agricultural technologies.
More than 3,000 space breeding experiments have been carried out on spaceflight missions, cultivating 240-plus varieties of staple grains and 400-plus new vegetable, fruit, plant and flower varieties. This has resulted in an annual grain output increase of 2.6 billion kilograms.
Photo: This simulated image captured at Beijing Aerospace Control Center on May 11, 2023 shows China’s cargo spacecraft Tianzhou-6 docking with the combination of the space station Tiangong. (Xinhua/Guo Zhongzheng)