Connect with us

Asia

ထိုင်းတရားရုံးက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံရ

ဘန်ကောက်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ (Thaksin Shinawatra) သည် နှစ်ပေါင်းများစွာကြာ ပြည်ပ၌နေထိုင်ခဲ့ပြီးနောက် ဩဂုတ် ၂၂ ရက်၌ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီးမကြာမီ ထိုင်းတရားရုံးချုပ်က ၎င်းအား ထောင်ဒဏ် ၈ နှစ်ချမှတ်ကြောင်းအမိန့်ထုတ်ပြန်လိုက်သဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းခံလိုက်ရကြောင်း သိရသည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်သည် အဝေးရောက်အနေအထားဖြင့်ချမှတ်ခံထားရသော အမှု ၃ ခုနှင့် ဆက်စပ်သော ထောင်ဒဏ် ၈ နှစ်အတွက် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ထိုင်းတရားရုံးက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ အမှုများတွင် ထီစီမံကိန်းတစ်ခု၌ အကျင့်ပျက်ခြစားမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ မြန်မာနိုင်ငံနှင့်ဆိုင်သော Export-Import Bank ချေးငွေကိစ္စ၌ ပါဝင်ပတ်သက်မှုအတွက် ထောင်ဒဏ် ၃ နှစ်နှင့် မိုဘိုင်းဖုန်းခွင့်ပြုမှုပြင်ဆင်ခြင်းအမှု၌ ၎င်း၏ရာထူးကို အသုံးပြုခဲ့သည့်အတွက် ထောင်ဒဏ် ၅ နှစ် စသည်တို့ပါဝင်ကြောင်း သတင်းများအရ သိရသည်။
တယ်လီကွန်းကုမ္ပဏီအကြီအကဲဟောင်းတစ်ဦးဖြစ်သော သက်ဆင်သည် စင်ကာပူနိုင်ငံမှ ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ကာ ဘန်ကောက်မြို့ရှိ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ သက်ဆင်သည် ထိုင်းဘုရင်နှင့် မိဖုရားတို့၏ ဓာတ်ပုံအား အရိုအသေပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့အစောင့်အကြပ်ဖြင့် တရားရုံးသို့ သွားရောက်ခဲ့ကာ ထောင်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။

သက်ဆင်သည် ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Thai court rules to jail former PM Thaksin for 8 years
BANGKOK, Aug. 22 (Xinhua) — Former Thai Prime Minister Thaksin Shinawatra on Tuesday was transported to prison soon after his return to the country after years of exile as Thailand’s Supreme Court issued an 8-year detention order for him.
The court’s criminal division for holders of political positions announced a statement saying Thaksin is convicted of 8-year imprisonment related to his three convictions passed on the 74-year-old in absentia.
The convictions include a two-year sentence for corruption in a lottery project, a three-year sentence for his involvement in an Export-Import Bank loan for Myanmar case, and a five-year sentence for his role in a mobile phone concession amendment case, according to reports.
The former telecom tycoon boarded a private plane in Singapore and landed at Bangkok’s Don Mueang International Airport shortly after 9 a.m.. He paid respect to the portrait of the king and queen and then was escorted in a police convoy to the court and taken to the prison.
Thaksin was Thailand’s premier from 2001 to 2006 but had been in self-exile abroad since 2008.