Connect with us

Africa & Middle East

BRICS တွင် ပါဝင်ရန် နိုင်ငံ ၆ နိုင်ငံကို ဖိတ်ကြား

ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

BRICS တွင် ပါဝင်ရန် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့် နိုင်ငံ ၆ နိုင်ငံကို ဖိတ်ကြားရန် BRICS ခေါင်းဆောင်များက ဩဂုတ် ၂၄ ရက်၌ သဘောတူခဲ့ကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံ ၆ နိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်မည်ဖြစ်ကြောင်း တောင်အာဖရိနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာက ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“BRICS ရဲ့ မိတ်ဖက်အဖြစ် တည်ဆောက်မှုမှာ အခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်” ဟု ရာမာဖိုဆာက ပြောခဲ့သည်။

BRICS ခေါင်းဆောင်များသည် BRICS ပူးပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့ဝင်အင်အား တိုးချဲ့မှု အပါအဝင် ကိစ္စရပ်များ ဆွေးနွေးရန် ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ တွေ့ဆုံကြခြင်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Six countries invited to join BRICS
JOHANNESBURG, Aug. 24 (Xinhua) — BRICS leaders agreed on Thursday to invite six countries, namely Argentina, Egypt, Ethiopia, Iran, Saudi Arabia and the United Arab Emirates, to join the group.
The six countries’ membership will take effect on Jan. 1, 2024, South African President Cyril Ramaphosa announced at a press conference during the 15th BRICS Summit.
“We value the interests of other countries in building the partnership of BRICS,” said Ramaphosa.
BRICS leaders met here from Aug. 22 to 24 to discuss issues including deepening BRICS cooperation and the group’s expansion.